ပြည်သူများ ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်၍ ဆေးကုသရခြင်း အခြေအနေများ လျှော့ချရန်အတွက် ရှင်းလင်းတိကျသည့် ကျန်းမာရေးဘဏ္ဍာဆိုင်ရာ မဟာဗျူဟာများကို အမြန်ဆုံးဖော်ထုတ် အကောင်အထည်ဖော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူများ ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်၍ ဆေးကုသရခြင်း အခြေအနေများ လျှော့ချရန်အတွက် ရှင်းလင်းတိကျသည့် ကျန်းမာရေးဘဏ္ဍာဆိုင်ရာ မဟာဗျူဟာများကို အမြန်ဆုံးဖော်ထုတ် အကောင်အထည်ဖော်


MNP ၊ ဩဂုတ် ၂၄

၂၀၁၉-၂၀၂၂ ခုနှစ်များအတွက် အမျိုးသားကျန်းမာရေးအသုံးစရိတ် (National Health Account) ဆိုင်ရာ အချက်အလက်များ ဆန်းစစ်သုံးသပ်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ယခု ဆောင်ရွက်လျက်ရှိသော အမျိုးသားကျန်းမာရေး အသုံးစရိတ်စစ်တမ်းများမှ အချက်အလက်များကို ဆန်းစစ်သုံးသပ်၍ လိုအပ်သောနေရာများတွင် ဘဏ္ဍာငွေ ခွဲဝေချထားခြင်းများ စနစ်တကျ ဆောင်ရွက်နိုင်မည့်အပြင် ပြည်သူများ ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်၍ ဆေးကုသရခြင်း အခြေအနေများ လျှော့ချရန်အတွက် ရှင်းလင်းတိကျသည့် ကျန်းမာရေးဘဏ္ဍာဆိုင်ရာ မဟာဗျူဟာများကိုလည်း အမြန်ဆုံးဖော်ထုတ် အကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ တိကျမှန်ကန်သော ကျန်းမာရေးအသုံးစရိတ်များ ကောက်ခံရရှိနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ညွှန်ကြားရေး မှူးချုပ်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် မြို့တော် စည်ပင်သာယာရေး ကော်မတီများမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။  


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)