ကျိုက်လတ်မြို့နယ်၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်လတ်မြို့နယ်၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ





MNP ၊  ဩဂုတ်  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကျင်းပခဲ့သည်။


ရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က (၁၄.၈.၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပါကြောင်း၊ အဆိုပါ တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏ လမ်းညွှန်မှာကြားချက်များအပေါ် လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူပြီး ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တို့တာဝန်အရေး(၃)သုံးပါးကို ဦးထိပ်ပန်ဆင်ပြီး ရှေ့ဆက်သွားမည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့အား ရှင်းလင်းပြောကြားခဲ့ကာ ပညာရေးနှင့် ပတ်သက်ပြီး ကျောင်းပိတ်ရက်များ အတူတူဖြစ်စေရေး၊ ၈ဘီလီယံချေးငွေကိစ္စ၊ သွင်းအားစုချေးငွေကိစ္စများအား စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်၊  ကျန်းမာရေးနှင့် လုံခြုံရေးစသည့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး၊ ပြည်သူကိုအလုပ်ကျွေးပြုရသည့် ဌာနများဖြစ်သည့်အတွက် ဌာနအကြီးအကဲများသည် မိမိကိုယ်တိုင်လည်း အရည်အချင်း ပြည့်ဝပြီး စည်းကမ်းရှိဖို့လည်း လိုအပ်ပါကြောင်း၊ ပိုက်ဆံလျှော် ကိစ္စများအား လမ်းဦးစီးဖြင့် ပူးပေါင်းဆောင်ရွက်ပြီး မအူပင်-ကျိုက်လတ်-ဖျာပုံကားလမ်းဘေး ဝဲ/ယာများတွင် စိုက်ပျိုးရန်၊ မွေးမြူရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ MSME ထုတ်ကုန် များအား ထုတ်လုပ်ပြီး ပြည်တွင်းသာမက ပြည်ပများတွင်လည်း ထုတ်လုပ်ဖို့လိုကြောင်း ဆွေးနွေးခြင်း၊  နိုင်ငံရေး ရည်မှန်းချက်(၂)ရက်ဖြစ်သော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားရေး ရည်မှန်းချက် (၂)ရပ်ဖြစ်သော တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အား စနစ်တကျ အကောင် အထည်ဖော်ဆောင်ရွက်သွားရန် စသည့် အကြောင်းအရာများအား လမ်းညွှန်မှာကြားပြီး  ထပ်ဆင့်ချပြရှင်းလင်းခဲ့သည်။ အဆိုပါ ရှင်းလင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရီရီမြင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)