ကျောက်ဖြူမြို့နယ်အတွင်းရှိ မိုးစပါးစံပြစိုက်ခင်းများနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့နယ်အတွင်းရှိ မိုးစပါးစံပြစိုက်ခင်းများနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု






MNP ၊  ဩဂုတ်  ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ လယ်ဒါပြင်ကွင်း၊ ကွင်းအမှတ်(၄၅၁)တွင် စိုက်ပျိုးထားရှိသော မိုးစပါးစံပြစိုက်ခင်းများနှင့် မွေးမြူရေးလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက  ကွင်းဆင်းကြည့်ရှုကြသည်။


ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လယ်ဒါပြင်ကွင်း၊ ကွင်းအမှတ်(၄၅၁)သို့သွားရောက် ကြည့်ရှုခဲ့ကြရာ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်/မြို့နယ် ဦးစီးမှူးများက မိုးစပါး တစ်ဧကအထွက်နှုန်း တိုးတက်စေရေးအတွက် စနစ်တကျစိုက်ပျိုးလျက်ရှိကြောင်း၊ တစ်ဧကကောက်ကွက်ပြည့်မီစေရေး၊ ကောက်ပင်အတိမ်အနက်နှင့် ချက်ချင်းနှုတ် ချက်ချင်းစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ စိုက်ပျိုးရာသီ အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး၊ မြေလွတ်မကျန်မိုးစပါးများစိုက်ပျိုးစေရေး၊ ဧကလျာထားချက်ထက် ကျော်လွန်အောင် စိုက်ပျိုးနိုင်စေရေး လမ်းညွှန်မှာကြားကာ အောင်မြင်ဖြစ်ထွန်းနေသည့် စပါးခင်းများကို လှည့်လည်ကြည့်ရှုသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အဆိုပါကျေးရွာ၌ မွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥစားကြက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကြက်ခြံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်များမှ ဥစားကြက်မွေးမြူထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ရှိမွေးမြူထားရှိသော ဥစားကြက်ကောင်ရေထက် ပိုမိုတိုးချဲ့မွေးမြူကြရန် လမ်းညွှန်မှာကြားကာ ကြက်ခြံအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)