MNP ၊ ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် ဆောင်းပါးရှင် မောင်မင်းစိုး၏ " လူငယ်နဲ့ စိုးရိမ်စိတ် " ဆောင်းပါးကို လူငယ်များ သိရှိဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့ နေ့လယ်ပိုင်းက အသိပညာပေး Talk Show အနေဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခြင်းကို မအီမြို့ရုံးမှ ဒေါ်လွင်လွင်ပြုံး(ရုပ်သံကျွမ်းကျင်-၃)နှင့် ဦးသူရနိုင်(အငယ်တန်းစာရေး(အင်အားပြ) တို့က ဆွေးနွေးတင်ပြခဲ့ကြခြင်းဖြစ်ပြီး ဖော်ပြပါဆောင်းပါးတွင်ပါရှိသည့် " စိုးရိမ်စိတ်ဟာ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးသလို ဖြစ်တတ်ကြောင်း၊ အရာရာမှာ စိုးရိမ်စိတ်တွေ လွန်ကဲနေလျှင် အောင်မြင်မှုတွေ ရပ်တန့်သွားနိုင်သလို ပူလောင်မှုတွေလည်း တိုးပွားစေမှာ ဖြစ်ကြောင်း၊ စိုးရိမ်စိတ်ကို ရှိသင့်သလောက်ရှိတာက မသိသာပေမယ့် လမ်းကြောင်းတွေ ပျောက်ဆုံးသွားနိုင်ပြီး လူငယ်များအနေဖြင့် အပိတ်ဝါဒနှင့် အဖွင့်ဝါဒကို နားလည်ထားဖို့ လိုအပ်ပါကြောင်း၊ လူငယ်တွေဆိုတာ အထက်ကိုပဲ တက်ချင်ကြတဲ့ သူတွေဖြစ်တာကြောင့် အထက်ကိုတက်တဲ့အခါမှာ သန့်ရှင်းစွာတက်နိုင်အောင် စိုးရိမ်စိတ်ကို လျှော့ချပြီး ပိုမိုကောင်းမွန်တဲ့ နေရာတွေဆီကို ဦးတည်သွားနိုင်ရန် လိုအပ်ပါကြောင်း " စသည့် ဆောင်ပါးတွင်ပါဝင်သည့် အကြောင်းအရာတို့အား ဆွေးနွေးဖတ်ကြားခဲ့ကြသည်။
ဖော်ပြပါ Talk Show အစီအစဉ်ကို မအီမြို့၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် မဟီရာနဒီ Facebook Page စာမျက်နှာတို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း၊ မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း စသည့် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသိပညာပေး (Talk Show ) အစီအစဉ်များကို ရိုက်ကူး၍ မအီမြို့ရုံး Facebook Page စာမျက်နှာတွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် ရွေ့လျားစာကြည့်တိုက်(Mobile Library) စနစ်ဖြင့် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား (အခမဲ့)ငှားရမ်းပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း မအီမြို့ရုံးဦးစီးမှူး ဦးသက်နောင်ထွန်းက ပြောကြားခဲ့သည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost

No comments:
Post a Comment