MNP ၊ ဩဂုတ် ၁၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်ကာ ငပလီကမ်းေခြအများပြည်သူအပန်းေဖြနေရာကမ်းေခြသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးကို ယနေ့နံနက် ၇း၃၀ နာရီက ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊လူမှူရေးအသင်းအဖွဲ့များစုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များခလရ ၅၅ တပ်ရင်းမှဒုတိယဗိုလ်မှူးကြီးခွန်မျိုးလွင်ဦးနှင့်ဦးစီးအဖွဲ့ဝင်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များပါဝင်သောပူးပေါင်းအင်အားအဖွဲ့(၁၅၀)ဦးခန့်က ငပလီကမ်းခြေအများပြည်သူအပန်းေဖြကမ်းတစ်လျှောက် အမှိုက်သရိုက်များကို စုပေါင်းကောက်ခြင်းတံမြက်စည်းလှည်းပြီး မီးရှို့ရှင်းလင်းခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
မြင့်မြင့်အေး
https://t.me/MyanmarNationalPost





No comments:
Post a Comment