စဉ့်ကူးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ


MNP ၊  ဩဂုတ်  ၁၂

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ကျင်းပခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်နု နှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အေးမြမြမိုး တို့က သွေးလွန် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်သည့်အခြေအနေများနှင့် အသက်အရွယ်အလိုက် ဖြစ်ပွားမှုများ၊ သွေးလွန်တုပ်ကွေးရောဂါ၏ လက္ခဏာများ၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့် ခြင်ကျား၊ ပိုးလောက်လမ်း ပေါက်ပွားတတ်သောနေရာများ၊ သွေးလွန်တုပ်ကွေး‌ရောဂါ ကာကွယ်ရေးနည်းနှင့် သွေးလွန်တုပ်ကွေး‌ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများစသည့် အကြောင်းအရာများကို ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြသည်။


စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန အနေဖြင့် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များနှင့် ပြည်သူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုများ တိုးပွားစေရန် ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


တင်ဇာလွင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)