၂၀၂၃ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပေါက်တောမြို့၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပေါက်တောမြို့၌ ကျင်းပ






MNP ၊  ဩဂုတ်  ၁၂

ရခိုင်ပြည်နယ် ပေါက်တောမြို့၌ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ပေါက်တောမြို့ရှိ မြို့နယ် ခန်းမခြံဝန်းအတွင်း ကွင်းပြင်၌ ကျင်းပသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး နှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာ ဝန်ထမ်းများ၊မြို့နယ်အမျိုးသမီးရေးရာ၊မိခင်ကလေးအဖွဲ့ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ကြသည်။


​ ရေှး​ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး နှင့် အဖွဲ့ဝင်များ ၂၀၂၃ ဒုတိယအကြိမ်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ  အထိမ်းအမှတ်အဖြစ် သတ်မှတ်နေရာများ၌ ပျုိးပင်များကို ဦးဆောင်စိုက်ပျိုးပေးကြသည်။


ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး နှင့် အဖွဲ့ဝင် တို့က ဌာနဆိုင်ရာ ဝန်ထမ်းများ၊မြို့နယ်အမျိုးသမီးရေးရာ နှင့်မိခင်ကလေးအဖွဲ့က သတ်မှတ်နေရာများတွင် ပျုိးပင်များကို တပျော်တပါး စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။


ယနေ့ အခမ်းအနားတွင် အုန်းပင် ၄၀ ၊ဗာဒံပင် ၈၂  ၊မန်ဂျန်ရှား ၁၇၀ စုစုပေါင်း ပျုိးပင် ၂၉၂ ပင် စိုက်ပျိုးခဲ့ကြကြောင်း သစ်တောဦးစီးဌာနမှအရာရှိ ဦးကျော်ဝင်းမြင့် ထံမှသိရသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)