သထုံမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေး ပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေး ပြုလုပ်ကျင်းပ





MNP ၊  ဩဂုတ်  ၁၂

မွန်ပြည်နယ်၊ သထုံမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးကို ဩဂုတ်လ ၁၁ ရက်နေ့၊ နံနက်က အောက်ကျင်းရပ်ကွက်ရှိ အဆိုပါအသင်းစုရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် သဘာပတိအဖြစ်ဆောင်ရွက်သည့် မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးဇော်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မွန်ပြည်နယ် သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်က လမ်းညွှန်အမှာစကားပြောကြားသည်။ 


ထို့နောက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် အမှုဆောင်ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အသင်း၏စာရင်းစစ်အစီရင်ခံစာတို့ကို တာဝန်ရှိသူတစ်ဦးက ဖတ်ကြားတင်သွင်းခြင်း၊ အသင်းကိုယ်စားလှယ်များထံမှ အတည်ပြုချက်များရယူခြင်းနှင့် အောက်မြန်မာပြည်(ဖောင်ကြီး)ဗဟိုဝန်ထမ်းတက္ကသိုလ်မှ စစ်ရေးပြအဆင့်(၃)ရရှိခဲ့သည့် မြို့နယ်သမဝါယမဦးစီးဌာနမှ ထူးချွန်ဝန်ထမ်းတစ်ဦးအား ဂုဏ်ပြုချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ 


အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊  မြို့နယ်သမဝါယမ အသင်းစုလီမိတက် ဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)