ရွှေတောင်မြို့နယ် ကုန်စုံဆိုင် ၊စတိုးဆိုင်များအား အစားအသောက်နှင့် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် ကုန်စုံဆိုင် ၊စတိုးဆိုင်များအား အစားအသောက်နှင့် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများကြည့်ရှုစစ်ဆေး





MNP ၊  ဩဂုတ်  ၁၂

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မြို့မစျေးအတွင်းကုန်စုံဆိုင်၊စတိုးဆိုင်များနှင့် ရွှေတောင်မြို့ပေါ်ကုန်စုံဆိုင်၊စတိုးဆိုင်များကို မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ၊မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ လိုက်ပါလျက်ယမန်နေ့နံနက်ပိုင်းက အစားအသောက်နှင့် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/ မရှိတို့အားစစ်ဆေးကြည့်ရှုခဲ့သည်။


စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြရန် ပြဋ္ဌာန်းထားကြောင်း၊ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း ၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်ကို အရောင်းဆိုင်များသို့ ဖြန့်ဝေထားပြီးဖြစ်ကြောင်းနှင့် အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမရှိ‌‌ေသာ ကုန်စည်များကို ရောင်းချခြင်းမပြုကြရန်အသိပညာပေးခြင်းနှင့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)