ရွှေတောင်မြို့နယ်တွင် သမိုင်းဝင်ထင်ရှား တန်ခိုးကြီးဘုရားများ၌ အထူးစုပေါင်း သန့်ရှင်းရေးလှုပ်ရှားဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် သမိုင်းဝင်ထင်ရှား တန်ခိုးကြီးဘုရားများ၌ အထူးစုပေါင်း သန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်






MNP ၊  ဩဂုတ်  ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် တွင် မြို့သန့်ရှင်းသာယာလှပရေး၊ မြို့အင်္ဂါရပ်နှင့် အညီ အထင်ကရ နေရာများနှင့် သမိုင်းဝင်ထင်ရှားတန်ခိုးကြီးဘုရားများတွင် အပတ်စဉ်စုပေါင်း သန့်ရှင်း‌ေရးကို ဆောင်ရွက်လျက်ရှိရာ ကြာနီကန်ရပ်ကွက်၊ ဆေးရိုးတန်းလမ်း၊ ရွှေပြောင်ပြောင်ဘုရားဝန်းအတွင်းတွင် ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ စုပေါင်း သန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ နယ်မြေလုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့ပေါ် (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၄၁၅) ဦးတို့က ချုံနွယ်များ ၊ပေါင်းမြက်များနှင့် အမှိုက်များကို ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်အမှိုက်သိမ်းယာဥ် ( ၃) စီးဖြင့်စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)