စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး







MNP ၊  ဩဂုတ်  ၁၂

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်းစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်တိုင်း/ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထိုသို့ စစ်ဆေးရာတွင် စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ် ၊ နွားမယံကျေးရွာအုပ်စုရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ( ရေအရင်းအမြစ်)နတ်မှော်မြစ်ရေတင်လုပ်ငန်းတွင် စိုက်ပျိုးရေပေးဝေနေမှုအခြေအနေနှင့် စက်လည်ပတ်မှုအခြေအနေများ၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ အထက ( ရွှေတောင်) ကျောင်းဝန်းအတွင်းရှိ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းတွင် ကျောင်းသား / ကျောင်းသူများ ပညာသင်ကြားနေမှုအခြေအနေများနှင့် အဆောင်နေကျောင်းသား / ကျောင်းသူများ တည်းခိုနေထိုင်ရေးကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးကိစ္စရပ်များ နှင့် သောက်သုံးရေ ရရှိနိုင်မှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။


အဆိုပါ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်တိုင်း/ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ. ( ကိုယ်စား ) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာ ဌာနများမှ ရှင်းလင်းတင်ပြရာစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းလမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)