MNP ၊ ဩဂုတ် ၂၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်း များက ပြည်ထောင် စုရာထူးဝန်အဖွဲ့ “ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန် က လူထု အခြေ ပြုဗဟိုဌာန Community Center ခန်းမ ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က ရုံးလုပ်ငန်း၏ သဘောတရားများ ၊ ဝင်စာများကို အရေးယူဆောင်ရွက်ခြင်း နှင့် ထွက်စာများကို အရေး ယူဆောင်ရွက်ခြင်း စသည့် စာအုပ်၏ စာပုဒ်ပါ အကြောင်းအရာများအား ဆွေးနွေးခဲ့ပြီး ခရိုင်ရုံးရှိဝန်ထမ်းများက ပြည်ထောင်စုရာထူး ဝန်အဖွဲ့ “ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ပါ အကြောင်းအရာများဖြစ်သော ဝင်စာများကို အရေးယူ ဆောင် ရွက်ခြင်း ၊ ထွက်စာ များကို အရေးယူဆောင်ရွက်ခြင်း၊ စာတွဲထိန်းသိမ်းခြင်း ၊ စာရွက်စာတမ်းများ လုံခြုံစွာ ကိုင် တွယ် ထိန်းသိမ်းခြင်း ၊ မှတ်တမ်းထိန်းသိမ်းခြင်း ၊ ပစ္စည်းမှာ ယူ ထိန်း သိမ်းခြင်း နှင့် သုံးစွဲခြင်း စသည့် ခေါင်းစဉ်များတွင် ပါဝင် သော အချက်အလက်များ အကြောင်းအရာ များအား တစ်ဦးချင်း ဖတ်ကြားခဲ့ကြပြီး အပြန်အလှန် ဆွေးနွေး ခဲ့ကြရာ လိုအပ်သည့်အကြောင်းအရာများအား ခရိုင်ဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment