MNP ၊ ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ အသိပညာဗဟုသုတရရှိစေရန် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မား စေရန် ရည်ရွယ်၍ စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club )နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားထားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ချမ်းမြသာစည်မြို့နယ် (Book Club) အသင်းအဖွဲ့ ဥက္ကဋ္ဌ စာရေးဆရာ မင်းဏီလူက စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားထားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ် (Book Club) အတွင်းရေးမှူး စာရေးဆရာသန်းစိုးအောင်၊ စာရေးဆရာ ကိုရင်ကျော်၊ စာရေးဆရာမင်းလပြည့်၊ စာရေးဆရာမ ဒေါ်နုနုကြည် (အမေ့အိမ်)စာပေ ဆရာဘုန်းဇော်မိုး (ဥဿာ)နှင့် သုခုမရင်ပြင်စာပေမှစာရေးဆရာများနှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာရေးဆရာများကလည်း စာအုပ်တွင်ပါရှိသည့် ခေါင်းစဉ်များကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ကျော်စွာ
https://t.me/MyanmarNationalPost
No comments:
Post a Comment