(၇၇)ကြိမ်မြောက် အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)ကြိမ်မြောက် အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်



MNP ၊  ဩဂုတ်   ၁၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၅x ၁၀၂(A) လမ်းဒေါင့်ရှိ မန္တလေးအခြေစိုက် အိန္ဒိယ ကောင်စစ်ဝန်ချုပ်ရုံးတွင် (၇၇)ကြိမ်မြောက် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့‌ကြောင်း သတင်းရရှိသည်။


အခမ်းအနားတွင် အိန္ဒိယကောင်စစ်ဝန်ချုပ် Mr.Sundeep Kaushalက နိုင်ငံတော်အလံအား လွှင့်တင်ခြင်းနှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား အိန္ဒိယအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။ ထို့‌နောက် အိန္ဒိယကောင်စစ်ဝန်ချုပ်က ကျေးဇူးတင်စကား ပြောကြားပြီး‌နောက် တက်ရောက်လာကြသူများကို အိန္ဒိယအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။


အခမ်းအနားသို့ အိန္ဒိယကောင်စစ်ဝန်ချုပ် Mr.Sundeep Kaushal၊ ဒုကောင်စစ်ဝန်ချုပ် Mr Kujit Singh နှင့် ဝန်ထမ်းများ၊ မြန်မာ့သတင်း အချက်အလက်နည်းပညာတက္ကသိုလ်(MIIT)မှ ပါမောက္ခချုပ် ဒေါက်တာဝင်းအေးနှင့် ပါမောက္ခဌာနမှူးများ၊ မန္တလေးမြို့ပေါ်ရှိ အိန္ဒိယနွယ်ဖွားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


ကျော်စွာ 

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)