MNP ၊ ဩဂုတ် ၁၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် Book Club အသင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်မျိုးမြင့်က (ရုံးချုပ်)မှပေးပို့သော ဒေါက်တာခင်မောင်ညို၏"လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်တွင် မျိုးဆက်သစ်လူငယ် လူရွယ်များ အတွေးအမြင်၊ အယူအဆများ မှန်ကန်စေရန်၊ဉာဏ်ရည်ဉာဏ်သွေးမြင့်မားရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားပေးလမ်းညွှန်မှုပြုနိုင်မည့် စာအုပ်ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဦးအေးဇော်အောင်(Book Club)အသင်းဥက္ကဋ္ဌက "လူမျိုးမြင့်ဖို့ စာဖတ်စို့"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်မိုးခိုင် အဖွဲ့ဝင်က"အမြင်တွေနဲ့ တည်ဆောက်ခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးကျော်မျိုးထွန်းအဖွဲ့ဝင်က "အသုံးကျခြင်းနှင့် နှလုံးလှခြင်း"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးကျော်ညီညီအဖွဲ့ဝင်က "စွန်လိုက်တဲ့ပွဲနှင့် အဲဒီကောင်လေး မရှိတော့ဘူး"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးအောင်မျိုးထွန်းအဖွဲ့ဝင်က "မုန်လာဥဝါ၊ ကြက်ဥနဲ့ ကော်ဖီနဲ့ ဘဝအမြင်"ခေါင်းစဉ်ဖြင့်လည်းကောင်းစသည့် မိမိတို့ဘဝ အတွေ့အကြုံများနှင့် နှိုင်းယှဉ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့်(Book Club)အသင်းအဖွဲ့များက မိမိတို့အမြင်များဖြင့် ပါဝင်ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အဆိုပါစာအုပ်တွင် လူငယ်များအတွက် အကောင်းဆုံးဘဝကို တည်ဆောက်နိုင်မည့် အတွေးအမြင်ခံယူချက်စိတ်ထားနှင့် ဗဟုသုတများတိုးပွားစေမည့် ခွန်အားဖြည့်ဆောင်းပါး (၂၈)ပုဒ် ပါဝင်ကြောင်း သိရသည်။
ဧပရယ်မိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment