နတ်မောက်မြို့ လူထုအခြေပြဗဟိုဌာန ( Community Centre) ခန်းမ၌ ပုံပြောပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့ လူထုအခြေပြဗဟိုဌာန ( Community Centre) ခန်းမ၌ ပုံပြောပြိုင်ပွဲကျင်းပ


MNP ၊  ဩဂုတ်  ၁၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ KG ကျောင်းသား/သူများဖြင့်  ပုံပြောပြိုင်ပွဲပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန ( Community Centre)  ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စကားပြောနိုင်မှု စွမ်းဆောင်ရည် မြင့်မားစေရန်၊ စိတ်လက်ပျော်ရွင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပုံပြောပြိုင်ပွဲကျင်းပရာ KG ကျောင်းသူလေး မရွှန်းလတ်သဒ္ဒါမှ “ဝက်ကလေးသုံးကောင်” ပုံပြင်ဖြင့်လည်းကောင်း ၊ မချောပြည့်စုံသန့်မှ “ဆင်နဲ့မျောက်” ပုံပြင်ဖြင့်လည်းကောင်း ၊ မမြတ်စုငြိမ်းမှ “ဖိုးကဲတို့မိသားစု” ပုံပြင်ဖြင့် လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။


အဆိုပါ ပုံပြောပြိုင်ပွဲသို့  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများ၊ KG ကျောင်းသား/ သူများ ၊  ကျောင်းသားမိဘများ  စုစုပေါင်း (၆၅)ဦး တက်ရောက်ခဲ့သည်။


လှဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)