ကိုယ်ဝန်ဆောင်မိခင်ကို သတ်ပြီး PDF အကြမ်းဖက်သမားများက ဖုန်းနှင့် ဆိုင်ကယ်ကို ဓားပြတိုက် ယူသွားသော ဖြစ်စဉ် မုံရွာမြို့တွင် ဖြစ်ပေါ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုယ်ဝန်ဆောင်မိခင်ကို သတ်ပြီး PDF အကြမ်းဖက်သမားများက ဖုန်းနှင့် ဆိုင်ကယ်ကို ဓားပြတိုက် ယူသွားသော ဖြစ်စဉ် မုံရွာမြို့တွင် ဖြစ်ပေါ်


MNP ၊ သြဂုတ် ၁၁

မုံရွာမြို့၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ အင်ကြင်းလမ်းဘေးရှိ ‘ရွှေလမင်း’ထမင်းဆိုင် အား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် ညနေ ၃ ၀၀ နာရီအချိန်ခန့်တွင် PDF အကြမ်းဖက်သမားများ က ဝင်ရောက် ဓားပြတိုက် လုယက်မှု ကျူးလွန်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးကို သတ်ဖြတ်သွားခဲ့ကြသည်။

ကိုလမင်းထွန်း (ထမင်းဆိုင်လုပ်ငန်း)၏ မိခင် ဖြစ်သူ ဒေါ်တင်တင်မြတ် နှင့် ခယ်မဖြစ်သူ မအေးငြိမ်းသူ (ကိုယ်ဝန် ၇ လ) အတူ နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၆ ဦးသည် ပြည်ထောင်စုလမ်းမှ အင်းဖြတ်လမ်းအတိုင်း နံပါတ်မပါ ရုပ်ဆိုးအမျိုးအစား ဆိုင်ကယ် ၂ စီး၊ CZI ဆိုင်ကယ် ၁ စီးဖြင့် Mask များတပ်လျက် ရောက်ရှိလာပြီး ၃ ဦးမှ လက်နက်ငယ် ၃ လက်အား ကိုင်ဆောင်၍ နေအိမ်တံခါးဖွင့်ပေးရန်ပြောရာ ကိုလမင်းထွန်းမှ နေအိမ်တံခါးအား ဖွင့်ပေးစဉ် စစ်ဆေးရန် ရှိကြောင်းပြောပြီး နေအိမ်အတွင်းတွင် စုထိုင်ခိုင်းကာ ဆိုင်းအတွင်းရှိ ၃၆ယ/၆၆၁၆၆ Honda Click 125 အမျိုးအစား ကျောက်ပြာရောင် မော်တော်ဆိုင်ကယ် ၁ စီး(ကာလတန်ဖိုး-၂၄ သိန်းကျပ်ခန့်)အား ၁ ဦးမှ တွန်းယူပြီး ကျန် ၁ ဦးသည် မအေးငြိမ်းသူထံမှ I phone 13 pro (အစိမ်းရောင်)ဖုန်း(ကာလတန်ဖိုး-၁၈ သိန်းကျပ်ခန့်)အား ထပ်မံလုယူခဲ့ရာ မအေးငြိမ်းသူမှ မပေးဘဲပြန်လုစဉ် မအေးငြိမ်းသူအား လက်နက်ငယ် (စိစစ်ဆဲ)ဖြင့် ဦးခေါင်းအား ပစ်ခတ်ခဲ့သဖြင့် ဝဲနားထင်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ဒေါ်တင်တင်မြတ်မှ ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းသဖြင့် ဒေါ်တင်တင်မြတ် အား ထပ်မံပစ်ခတ်ခဲ့ရာ ဒေါ်တင်တင်မြတ်တွင် ဝဲဂျိုစောင်းရှပ်ထိဒဏ်ရာ ၁ ချက်၊ ယာလက်ညှိုးရှပ်ထိဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပြီး PDF အကြမ်းဖက်အဖွဲ့မှ ဖုန်းနှင့် ဆိုင်ကယ်အားလုယူ၍ ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်များနှင့်အတူ အင်းကြင်းလမ်းမှ သမ္မစိတ္တလမ်းအတိုင်း မုံရွာနယ်မြေရဲစခန်း၏ တောင်ဘက် ၂ မိုင် ခန့်အကွာ၊ လယ်ဇင်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဦးစီးအဖွဲ့၊ မုံရွာနယ်မြေရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် ဦးစီး အဖွဲ့တို့မှ အခင်းဖြစ်နေရာသို့ ရောက်ရှိစစ်ဆေးခဲ့ပြီး ၁၅ ၃၀ ချိန် ဒဏ်ရာရရှိသူ ဒေါ်တင်တင်မြတ်အား လူမှုကူညီရေးအသင်းမော်တော်ယာဉ်ဖြင့် မုံရွာပြည်သူ့ ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူ PDF အကြမ်းဖက်အုပ်စု အဖွဲ့ဝင်များအား ဖမ်းဆီးရမိရေး အတွက် မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ဦးစီးသော အဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့(မှု/ကူ)မှ ဒုရဲမှူး ဦးစီး အဖွဲ့နှင့် ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)မှ ရဲအုပ် ဦးစီးအဖွဲ့များ ပူးပေါင်း၍ မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်များနှင့် ချိတ်ဆက်ကာ ပိတ်ဆိုရှာဖွေ စုံစမ်းလျက်ရှိကြောင်း သိရသည်။

PDF အကြမ်းဖက်အဖွဲ့ဝင်များသည် ငွေကြေးရလိုမှုအရ လုယက်မှုကျူးလွန်စဉ် ငြင်းဆန်သဖြင့် သေနတ်ဖြင့်ပစ်ခတ်ရာမှ သေဆုံး/ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း၊ မုံရွာမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း အရပ်သား ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့ပြီး ၃ ဦး ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)