ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် EMBA 20th Batch မောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် EMBA 20th Batch မောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်အမှာစကားပြောကြား


MNP ၊ ဩဂုတ် ၂၇

ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်သည် ယမန်နေ့က ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) ပတ္တမြားဆောင် ရှိ စီးပွားရေးစီမံခန့်ခွဲမှု ပညာဌာန၌ ကျင်းပသော အကြိမ် (၂၀) မြောက် အမှုဆောင်အရာရှိများအဆင့် စီးပွားရေးစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (EMBA 20th Batch) အွန်လိုင်းသင်တန်း၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို တက်ရောက်သည်။

ဦးစွာဒုတိယဝန်ကြီးက နိုင်ငံတစ်နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးကဏ္ဍမှ လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရကြောင်း၊ နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ နည်းပညာရှင်များ၊ ကျွမ်းကျင်သူများ ဖြည့်ဆည်းပေးရန်နှင့် ပညာရေးဝန်ကြီးဌာနမှ အသိပညာရှင်များ၊ တွေး‌ခေါ်မြော်မြင်သူများ၊ စီမံကိန်းရေးဆွဲသူများ မွေးထုတ်ပေးရန် လမ်းညွှန်မှာကြားထားကြောင်း၊ ရန်ကုန်စီးပွား ရေးတက္ကသိုလ်က ယခုဖွင့်လှစ်သော EMBA သင်တန်းသည် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန် ချက်ကို အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်ဖြစ်စေ၊ လုပ်ငန်း၏အရေးပါသော ရာထူးတွင် တာဝန်ထမ်းဆောင်နေသူဖြစ်စေ အဓိကအရည်အသွေးလေးရပ်လိုအပ်ကြောင်း၊ စီးပွားရေးစီမံခန့်ခွဲမှုပညာ၊ စဉ်းစားတွေးခေါ်မှုနှင့်ကျွမ်းကျင် မှုဆိုင်ရာ Skills များ၊ အင်္ဂလိပ်စာတတ်ကျွမ်းမှုနှင့် အိုင်စီတီကျွမ်းကျင်မှုတို့ဖြစ်ကြောင်း၊ အဆိုပါ အရည်အသွေးလေးရပ်ကိုအလုပ်ကြိုးစားမှု၊ အလုပ်အပေါ်သစ္စာရှိမှုဖြင့် ပေါင်းစပ်ဖြည့်ဆည်းပေးမည်ဆိုပါက ထူးချွန်ထက်မြက်အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ထိပ်တန်းအရာရှိကြီးများဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ တစ်ဆက်တည်းဆိုရလျှင် အလုပ်အပေါ်သစ္စာရှိသကဲ့သို့ နိုင်ငံတော်အပေါ်သစ္စာရှိရန်နှင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ပေးနိုင်သူများဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး သင်တန်းအလုပ်အမှုဆောင်အဖွဲ့ဝင်များက မိတ်ဆက်စကားပြောကြား၍ ဒုတိယဝန်ကြီးနှင့်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ EMBA 20th Batch အွန်လိုင်းသင်တန်းသို့ သင်တန်းသားသင်တန်းသူ ၉၇ ဦး တက်ရောက်လျက် ရှိပြီး သင်တန်းကာလမှာ နှစ်နှစ်ကြာမြင့်မည်ဖြစ်ကြောင် းသိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စာကြည့်တိုက်နှင့် စာသင်ခန်းများကို ကြည့်ရှုစစ်ဆေးပြီး လှိုင်နယ်မြေပါရမီလမ်းမပေါ်ရှိ ဘွဲ့လွန်အသုံးချဘူမိဗေဒဌာန၌ ကျောက်အမျိုးအစား ခွဲခြားသည့် စက်နှင့်စက်ပစ္စည်းများ၊ စာသင်ခန်းနှင့်စာကြည့်တိုက်၊ လှိုင်နယ်မြေရှိ သိပ္ပံပစ္စည်းအလုပ်ရုံ၌ အခြေခံပညာနှင့် အဆင့်မြင့်ပညာကျောင်းများအတွက် သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်းများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာလိုအပ်သည်များ မှာကြားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)