MNP ၊ သြဂုတ် ၁၂
KNU / PDF ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ (ကျားဖြူစစ်ကြောင်း)မှ ရုံးအဖွဲ့မှူးအဆင့်ရှိ သိန်းဦး (ခ)ဆေးမှူး ခေါင်းဆောင်သည့် အင်အား ၄၀ ဦးခန့်သည် ယနေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ချိန်ခန့်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာ ဘုရားကုန်းဘက်မှ ကမိုင်ကုန်းကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ကမိုင်ကုန်းလမ်းဆုံ ဒေါနအလှရေကူးကန်တွင်အခြေပြု၍ ကော့ကရိတ် – မြဝတီ အာရှလမ်း လုံခြုံရေးဆောင်ရွက်နေသည့် နယ်မြေလုံခြုံ ရေးတပ်ဖွဲ့ ကို လက်နက်ငယ်/၄၀ မမ၊ တရုတ်စက်လက်တို့ဖြင့် နှောက်ယှက်ပစ်ခတ်ခဲ့ကြောင်း၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ကလည်း ပြန် လည်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ရန်သူပစ်ခတ်မှုရပ်တန့်သွားခဲ့ပြီး ကမိုင်ကုန်းကျေးရွာ ဘက်သို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေး၍ အခြေပြုလျက်ရှိကြောင်း သိရသည်။
အဆိုပါ KNU / PDF ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ လာရောက်နှောက်ယှက်ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်းလမ်း ရှိ ဘိလိယက်ခုံအနီးတွင် စကားပြောနေသည့် ဦးသိန်းထူး ဆိုင်ကယ်တက္ကစီမောင်း၊ မြို့တော်ဦးရပ်၊ အမှတ်(၂) ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူကို လက်နက်ငယ်ကျည် ထိမှန်ခဲ့ရာ ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီး ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment