အမေရိကန်နိုင်ငံ Maui ကျွန်း မီးလောင်မှုက နှစ်ပေါင်း ၁၀၀ အတွင်း အကြီးကျယ်ဆုံးဖြစ်၊ လူသေဆုံးမှု ပိုမိုမြင့်တက်နိုင်ဟုခန့်မှန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်နိုင်ငံ Maui ကျွန်း မီးလောင်မှုက နှစ်ပေါင်း ၁၀၀ အတွင်း အကြီးကျယ်ဆုံးဖြစ်၊ လူသေဆုံးမှု ပိုမိုမြင့်တက်နိုင်ဟုခန့်မှန်း





လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၄

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Lahaina ၊ Pulehu နှင့် Upcountry Maui နေရာများတွင် ဟာရီကိန်းမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်၍ တောမီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ၅ ရက်အကြာ၌ ဩဂုတ် ၁၂ ရက်အထိ သေဆုံးသူ ၉၃ ဦးရှိပြီဟု အတည်ပြုနိုင်ခဲ့ကြောင်း Maui ကောင်တီက ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်မှုမှာ နှစ်ပေါင်း ၁၀၀ အတွင်း အမေရိကန်သမိုင်းတွင် အဆိုးဝါးဆုံးဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူပေါင်း ထောင်နှင့်ချီ၍ ရွှေ့ပြောင်းခဲ့ရပြီး အဆောက်အအုံ ၂,၂၀၀ ကျော် ပျက်စီးခဲ့ကြောင်း ပစိဖိတ် ဘေးအန္တရာယ်ဆိုင်ရာစင်တာ (PDC) နှင့် ဖက်ဒရယ် အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ (FEMA) က ဩဂုတ် ၁၂ ရက် အစောပိုင်းက ထုတ်ပြန်ခဲ့သော ပျက်စီးဆုံးရှုံးမှုအကဲဖြတ်မှု၌ ဖော်ပြထားသည်။ ၁၈၂၀ ပြည့်နှစ်မှ ၁၈၄၅ ခုနှစ်အထိ ဟာဝိုင်ယီ မြို့တော်ဖြစ်ခဲ့သော သမိုင်းဝင် Lahaina မြို့သည်လည်း အလုံးစုံမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

Lahaina မြို့သည် Maui ကျွန်းတွင် ခရီးသွားဧည့်သည်အများဆုံး လာရောက်သောနေရာများအနက် တစ်ခုဖြစ်သည်။ ထိုမြို့တွင် ဒေသခံ ၁၂,၀၀၀ ကျော်နေထိုင်ကြပြီး နှစ်စဉ် ခရီးသွားဧည့်သည် ၂ သန်း လာရောက်ကြကာ Maui ကျွန်းခရီးသွားလုပ်ငန်း၏ ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။


Ref - ဆင်ဟွာ

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)