ခါတွမ်း၊ ဩဂုတ် ၁၄
ဆူဒန်နိုင်ငံ South Darfur ပြည်နယ် မြို့တော် Nyalaတွင် ပြီးခဲ့သည့်ရက်ပိုင်းက လူမျိုးစု လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လူပေါင်း ၅၀ နီးပါး သေဆုံးခဲ့ကြောင်း sudan tribune သတင်းစာ၏ ဩဂုတ် ၁၃ ရက် ထုတ်ပြန်ချက်များရ သိရသည်။
ဒေသခံ လူမျိုးစု နှစ် ခုက ဩဂုတ် ၁၁ ရက်တွင် တိရစ္ဆာန်လုယက်မှုကြောင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်ရာ ယနေ့အထိ အနည်းဆုံး လူ ၄၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ လက်နက်ကိုင်ပဋိပက္ခများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး Nyala မြို့နေပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးလျက်ရှိကြောင်း၊ ဒဏ်ရာရသူအများစုမှာ ဆေးကုသမှုလိုအပ်ချက်များကြောင့် စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း မျက်မြင်သက်သေတစ်ဦးက ဖုန်းမှတစ်ဆင့် ဆင်ဟွာကို ပြောကြားခဲ့သည်။
ထို့အပြင် ဆူဒန်စစ်တပ်နှင့် Rapid Support Forces (RSF)က Nyala မြို့နှင့်မြို့တော် ခါတွမ်တွင် ဩဂုတ် ၁၃ ရက်က အပြန်အလှန်ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။
ဧပြီလလယ်ပိုင်းမှစ၍ ဆူဒန်တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ရာတွင် Darfur ဒေသသည် အဓိက စစ်မြေပြင်များအနက် တစ်ခု ဖြစ်သည်။
Ref - ဆင်ဟွာ
#MyanmarNationalPost


No comments:
Post a Comment