တစ်ပတ်အတွင်း လူမှုကွန်ရက်မှ အကြမ်းဖက်လှုံ့ဆော်သူ၊ မမှန်သတင်း လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေသူ ၁၇ဦး ဖမ်းဆီးထိန်းသိမ်းခဲ့ရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်ပတ်အတွင်း လူမှုကွန်ရက်မှ အကြမ်းဖက်လှုံ့ဆော်သူ၊ မမှန်သတင်း လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေသူ ၁၇ဦး ဖမ်းဆီးထိန်းသိမ်းခဲ့ရ



MNP ၊ သြဂုတ် ၁၄

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော ပြည်ပြေး ဝရမ်းပြေး CRPH၊ NUG အကြမ်းဖက်အဖွဲ့များ နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိရာ ရက်သတ္တပတ်အတွင်း ၁၇ဦးအထိ ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက် စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “သန်းလွင် မြင်းခြံ” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၅) ရပ်ကွက်နေ သန်းလွင်အား ဩဂုတ်လ ၃ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်အချိန်တွင်လည်းကောင်း၊ “Khine Lay 591” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်နေ မိမိမြိုင်(ခ) အိလေးအား ဩဂုတ်လ ၄ ရက် နံနက် ၁ နာရီ ၅ မိနစ်အချိန်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်း အသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့သည်။

“Ashin Thumana” Facebook အကောင့် ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ (၅၅)ရပ်ကွက်နေ ဥူးသုမန(ခ) သန်းနိုင်အား ဩဂုတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် လည်းကောင်း၊ “Soe Moe Paing” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရွှေပြည်သာမြို့နယ်၊ အမှတ် (၆)ရပ်ကွက်နေ စိုးမိုးပိုင်အား ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင်လည်းကောင်း၊ “Chan Nyein Oo” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၁၄)ရပ်ကွက်နေ ချမ်းငြိမ်းဦး အား ဩဂုတ်လ ၆ ရက်နေ့ နံနက် ၁ နာရီ ၂၀ မိနစ်အချိန်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်း အသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“Chan Nyain Oo” အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ အမှတ်(၁၄)ရပ်ကွက်နေ ချမ်းငြိမ်းဦးအား နံနက် ၂ နာရီ ၅ မိနစ်အချိန်တွင် လည်းကောင်း၊ “Thein Myint Wai” အကောင့်ပိုင်ရှင်ဖြစ်သူ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်နေ သိန်းမြင့်ဝေအား မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်တွင် လည်းကောင်း၊ “Kyaw Zin Htuo” အကောင့် ပိုင်ရှင်ဖြစ်သူ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဖလန်တောကျေးရွာနေ မင်းမော်ကွန်း(ခ) မော်ကွန်းအား မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်တွင် လည်းကောင်း၊ “Min Htet Naing Oo(Harder)” အကောင့်ပိုင်ရှင်ဖြစ်သူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၉) ရပ်ကွက်နေ မင်းထက်နိုင်ဦးအား မွန်းလွဲ ၃ နာရီခွဲအချိန်တွင် လည်းကောင်း သက်ဆိုင်ရာရဲစခန်း အသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“Ye Min Hein” Facebook အကောင့် ပိုင်ရှင်ဖြစ်သူ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ရွာသစ်ရပ်နေ ရဲမင်းဟိန်းအား ည ၆ နာရီ ၄၀ မိနစ်အချိန်တွင် မကွေးနယ်မြေရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ “Htet Aung” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ ထက်အောင်အား ည ၆ နာရီ ၁၅ မိနစ်အချိန်တွင် လည်းကောင်း၊ “Zay Yar Htut” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့၊ (ဃ)ရပ်ကွက်နေ ဇေယျာထွဋ် (ခ) မိုဟာမက်အား ည ၁၀ နာရီ ၃၅ မိနစ်အချိန်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်း အသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“Zaw Wai Phyo” အကောင့်ပိုင်ရှင်ဖြစ်သူ နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်နေ ဇော်ဝေဖြိုး(ခ)ဝေဖြိုးအား နံနက် ၉ နာရီအချိန်တွင် လည်းကောင်း၊ “Min Min Thu” အကောင့် ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်နေ မင်းမင်းသူအား ညနေ ၄ နာရီ ၁၅ သက်ဆိုင်ရာရဲစခန်း အသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ “Tun Tun Lin” အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကုန်းမြင့်သာယာ ရပ်ကွက်နေ ထွန်းထွန်းလင်း(ခ) ပေတိုးအား နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင်လည်းကောင်း၊ “May Yati Khin” အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ခမုံကျေးရွာနေ မေရတီခင်အား နေ့လယ် ၁၂ နာရီခွဲအချိန်တွင်လည်းကောင်း၊“Jay Ci” Facebook အကောင့်ပိုင်ရှင် ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာနေ ဂိုးလစ်အား ညနေ ၃ နာရီ ၁၅ မိနစ်အချိန်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ပြည်ပြေး ဝရမ်းပြေး CRPH, NUG နှင့် ယင်းတို့၏လက်ဝေခံများ၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)