ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် နိုင်ငံတကာစစ်ဖက်နည်းပညာဖိုရမ် ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် နိုင်ငံတကာစစ်ဖက်နည်းပညာဖိုရမ် ဖွင့်ပွဲကျင်းပ











MNP ၊ သြဂုတ် ၁၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုဒေသ၌ ဩဂုတ် ၁၄ ရက်မှ ၂၀ ရက်ထိ ကျင်းပပြုလုပ်မည့် နိုင်ငံတကာစစ်ဖက်နည်းပညာဖိုရမ် (International Military- Technical Forum "ARMY 2023") ကို ယနေ့ ဒေသစံတော်ချိန် ၁၁ နာရီတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ Army 2023 ပြပွဲကို Patriot Congress and Exhibition Center တွင် ပြုလုပ်နေခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၆၀ ခန့်ပါဝင်တက်ရောက်နေကာ ရုရှားစစ်ဖက်နှင့် စက်မှုကုမ္ပဏီ ၁၅၀၀ ခန့်ကလည်း ထိုပြပွဲတွင် စစ်ဖက်ဆိုင်ရာလက်နက်ပစ္စည်းများကို ပြသနေသည်။ ထို့အတူ နိုင်ငံခုနစ်ခုမှ နိုင်ငံခြားကုမ္ပဏီ ၈၅ ခုကလည်း ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ Army 2023 နှင့်အတူ (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (XI Moscow Conference on International Security)ကိုလည်း ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)