မောင်တောတွင် နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် တရားမဝင်ခိုးဝင်လာသော ဘင်္ဂါလီ ၂၈ ဦး ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောတွင် နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် တရားမဝင်ခိုးဝင်လာသော ဘင်္ဂါလီ ၂၈ ဦး ဖမ်းဆီးရမိ



MNP ၊ ဩဂုတ် ၁၄

မောင်တောမြို့နယ်၊ ဂေါ်ဒူသာရချောင်းဝနှင့် မှိုဝင်ချောင်းဝကြားတွင် နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် တရားမဝင်ခိုးဝင်လာသော ဘင်္ဂါလီများရောက်ရှိနေကြောင်း သတင်းအရ ယနေ့ နေ့လည် (၃) နာရီခန့်က နယ်ခြားစောင့်ရဲတပ်ဖွဲဝင်များမှ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ  ဘင်္ဂါလီလူမျိုး အမျိုးသား ၂၆ ဦး၊ အမျိုးသမီး မ ၂ ဦး ဖမ်းဆီးရမိခဲ့သဖြင့် အမှုဖွင့်တရားစွဲဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း ရခိုင်နေ့စဉ်သတင်းတွင် ဖော်ပြချက်အရ သိရသည်။

မွန်ပြည်နယ်တွင်လည်း ခိုးဝင်ဘင်္ဂလီအမြောက်အများကို ကား၄ဦးဖြင့် PDF အကြမ်းဖက်သမားများက ခိုးသွင်းလာသည်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။


(ခိုးဝင်ဘင်္ဂလီ ဖမ်းဆီးရမိဖြစ်စဉ်များကို BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အစရှိသော ပြည်ဖျက်မိစ္ဆာများ က လူမျိုးလိမ်အမည်ဖြင့် ရေးသားဖြန့်ဝေမှုများ ပြုလုပ်လျက်ရှိသည်။ ဖော်ပြပါ သတင်းဌာနများသည် လူမျိုးလိမ်အမည်ကို မြန်မာနိုင်ငံတွင် အသိအမှတ်ပြုလက်ခံစေရေး ငွေကြေးရယူ၍ ရေးသားဖော်ပြနေခြင်းဖြစ်ကြောင်း အများပြည်သူ သိရှိနိုင်ရန် ပူးတွဲဖော်ပြခြင်း ဖြစ်ပါသည်။)


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)