MNP ၊ ဩဂုတ် ၁၄
မွန်ပြည်နယ်၊ သထုံမြို့၊ သထုံ-ဘားအံကားလမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးနှင့် သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ၊ မြေနီကုန်းအုပ်စုရှိ ဂတ်(စ်) ပိုက်လိုင်းတို့ကို ဖေါက်ခွဲခဲ့သည့် PDF အကြမ်းဖက်သမား ၁ဦးကို ဖမ်းဆီးရမိပြီး ဩဂုတ်လ ၁၂ ရက်နေ့တွင် သထုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖမ်းဆီးရမိသူသည် ပြည့်ဖြိုးပိုင်(ခ)ပိုင်ကြီး (၁၉) နှစ်ဖြစ်ပြီး KNLA တပ်မဟာ(၁)၌ အကြမ်းဖက်လက်နက်ကိုင်သင်တန်း အမှတ်စဉ်(၁)တွင် တက်ရောက်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ခ)ပိုင်ကြီးသည် အထက်ပါ ဖောက်ခွဲဖျက်စီးမှုအပြင် သထုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် ဖုန်းဆိုင်ဖောက်ခွဲမှုဖြစ်စဉ်များကိုလည်း ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုသည်။
အဆိုပါ ဖမ်းဆီးရမိသူ ပြည့်ဖြိုးပိုင်(ခ)ပိုင်ကြီးအား (ပ)၆၂/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)(ဈ)/ ၅၀(ည)/ ၅၂(က) ဖြင့် သထုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment