MNP ၊ ဩဂုတ် ၂၁
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် အသက်၁၂နှစ်အထက်ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေးခြင်းကိုယနေ့နံနက်(၁၀)နာရီမှညနေ(၃)နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံ(ဟောင်း)တွင် ကျန်းမာရေးဌာန တာဝန်ကျ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံရာတွင် ကာကွယ်ဆေး ထိုးနှံလက်မှတ်များယူဆောင်လာစေပြီးကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း၊သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ကာ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေးလျက်ရှိသည်။
မာန်အောင်မြို့တွင်အ-ထ-ကမာန်အောင်နှင့်``စံ´´ကိုယ်ပိုင်အထက်တန်းကျောင်းမှအသက်၁၂နှစ်အထက်ကျောင်းသား/သူများနှင့်(Booster Dose)ထိုးနှံရန် ကျန်ရှိကျောင်းသား/သူများအား ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost




No comments:
Post a Comment