သီပေါမြို့ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီး၌ဖွင့်လှစ်သော ယဉ်ကျေးလိမ္မာသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၆၀၀)ဦးခန့်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီး၌ဖွင့်လှစ်သော ယဉ်ကျေးလိမ္မာသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၆၀၀)ဦးခန့်တက်ရောက်


MNP ၊  ဩဂုတ်  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီးတွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့နံနက် ၈ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါယဉ်ကျေးလိမ္မာသင်တန်းတွင် သီပေါမြို့ခန္တီရာမကျောင်းတိုက်မှ ဆရာတော်ဦးသောပါကနှင့် ရေတံခွန်တောင်ဆရာတော်တို့က သင်ကြားပြသပေးကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဗုဒ္ဓတရားတော်ဆုံးမစာများ၊ ဘုရားစာ၊ ဘုရားရှိခိုးနည်းများကို နားလည်သိရှိသဘောပေါက်စေရန်နှင့် လိမ္မာယဉ်ကျေးလာစေရန်ရည်ရွယ်၍ သင်ကြားပြသဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း မပျက်မကွက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ယခင်အပတ်က ကျောင်းသား၊ ကျောင်းသူ(၄၀၀)ဦးခန့် တက်ရောက်ခဲ့သော်လည်း ယခုအပတ်တွင် (၆၀၀)ဦးခန့်တက်ရောက်၍ တက်ရောက်သူများ ပိုမိုများပြားလာကြောင်းနှင့်အလှူရှင်များမှ ကျောင်းသား၊ ကျောင်းသူများအား အချိုရည်နှင့်မုန့်များလာရောက်လှူဒါန်းပေးခဲ့ကြောင်း မြို့လယ်မဟာသာသနာ့ဗိမာန်တော် ဂေါပကအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။


ခင်လေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)