မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဘောလုံးအသင်းနှင့် အသက်(၁၉)နှစ်အောက် မွန်ပြည်နယ်အမျိုးသမီး ဘောလုံးအသင်းတို့၏ ခြေစမ်းဘောလုံးယှဉ်ပြိုင်ပွဲ ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဘောလုံးအသင်းနှင့် အသက်(၁၉)နှစ်အောက် မွန်ပြည်နယ်အမျိုးသမီး ဘောလုံးအသင်းတို့၏ ခြေစမ်းဘောလုံးယှဉ်ပြိုင်ပွဲ ကြည့်ရှုအားပေး




MNP ၊  ဩဂုတ်  ၁၉

မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက်  ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍  ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဘောလုံးအသင်းနှင့် အသက် (၁၉) နှစ်အောက် မွန်ပြည်နယ်အမျိုးသမီး ဘောလုံးအသင်းတို့၏ ခြေစမ်းဘောလုံးပြိုင်ပွဲကို သြဂုတ်လ (၁၇) ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။


ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူ၍ တစ်ဦးချင်း မိတ်ဆက်ကြပြီး   ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်​ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ပြိုင်ပွဲဝင်အားကစားသမားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က အသက်(၁၉)နှစ်အောက် မွန်ပြည်နယ် အမျိုးသမီး ဘောလုံးအသင်းအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပြီး  ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဘောလုံးအသင်းနှင့် အသက်(၁၉)နှစ်အောက် မွန်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကာ အသက်(၁၉)နှစ်အောက် မွန်ပြည်နယ်အမျိုးသမီး ဘောလုံးအသင်းက ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဘောလုံးအသင်းကို (၃)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။


စည်သူ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)