ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးနှင့် MSME ဆန်စက်လုပ်ငန်းရှင်များ၊ Big Farmer လယ်သမားကြီးများ ချေးငွေ ထောက်ပံ့ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးနှင့် MSME ဆန်စက်လုပ်ငန်းရှင်များ၊ Big Farmer လယ်သမားကြီးများ ချေးငွေ ထောက်ပံ့ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ

 





MNP ၊ သြဂုတ် ၁၂

ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေး၊ MSMEလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး၊ ဆန်စပါး ဝယ်ယူကြိတ်ခွဲရောင်းချမှုအခြေအနေနှင့် ဆန်စပါးဈေးကွက်/ ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အခြေအနေများနှင့် ပတ်သက်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ကြီးကြပ်မှုဖြင့် ဩဂုတ်လ (၁၀)ရက်နေ့က ပဲခူးတိုင်းဒေသကြီး(အရှေ့)တောင်ငူမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

၂၀၂၂ခုနှစ် ဆန်စပါးညီလာခံ သုံးသပ်ဖော်ထုတ်ချက်များ အကောင်အထည်ဖေါ်ဆောင်ရွက်ရေး၊ တစ်ဧကအထွက်တိုးရန် Big Farmer လယ်သမားကြီးများအား ချေးငွေထောက်ပံ့ပေးမည့်အစီအစဉ် နှင့် MSME ဆန်စက်လုပ်ငန်းရှင်များအား ချေးငွေထောက်ပံ့မည့် အစီအစဉ်များ အပါအဝင် လယ်တစ်ဧက အထွက်နှုန်းတိုးတက်ရေး၊ မိုးစပါးပေါ်ချိန်တွင် ဈေးကွက်‌ ဈေးနှုန်းတည်ငြိမ်ရေးတို့ကို  ဆွေနွေးခဲ့ကြသည်။ 

တိုင်းဒေသကြီးအတွင်း ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု  တိုးတက်စေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေး၊ ဒေသဝမ်းစာဖူလုံရေး၊ အနာဂတ် စိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေးကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာ ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

ထိုအပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ၊ ဒုတိယဥက္ကဌများ ၊အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုမ္ပဏီများနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့)ရှိ ဆန်စပါးအသင်းအဖွဲ့များ၊ ဆန်စက်/ဆန်ကုန်သည်များ၊ တောင်သူလယ်သမားများမှ ဆွေးနွေးတင်ပြခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်နိုင်ရေး ဝိုင်းဝန်းအကြံပြု ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)