MNP ၊ သြဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နှင့် တောကျွဲအင်းအကြား ရန်ကုန်-မန္တလေး မြန်မာမီးရထားလမ်း ရထားလမ်းမိုင်တိုင် ၁၁၇/ ၈နှင့် ၁၁၇/၉အကြားတွင် ၂၀၂၃ ခုနှစ် သြဂုတ်လ ယနေ့နံနက်ပိုင်းတွင် KNU/PDF အကြမ်းဖက်သမားများက ရထားလမ်းအား မိုင်းခွဲဖျက်ဆီးသွားကြောင်း သိရသည်။
မိုင်တိုင် ၁၁၇/ ၈နှင့်၉ ကြား ဖောက်လုပ်တည်ဆောက်ဆဲ လမ်းပိုင်းဖြစ်ပြီး ယခုပြေးဆွဲနေသော ရထားလမ်းနှင့်မျဉ်းပြိုင် ဂျပန်မှပြုလုပ်ဆဲ လမ်းသစ်အား NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ KNU/PDF အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် မီးရထားလမ်းသုံး ဇလီဖားတုံး(၆)တုံးပျက်စီးခဲ့ပြီး ဘယ်ညာ ရထားသံလမ်း ၁၆ပေခန့်ပျက်စီးကြောင်း သိရသည်။
ယမန်နေ့ ညပိုင်းကလည်း တောင်ငူ-သာယာကုန်းအား သွယ်တန်းထားသော ပဲနွယ်ကုန်းမြို့အနီးရှိ လျှပ်စစ်တာဝါတိုင်ကြီး နှစ်ခုအား အကြမ်းဖက်များမှ မိုင်းခွဲဖျက်ဆီးခဲ့ပြီး သက်ဆိုင်ရာတပ်နယ်တာဝန်ရှိသူများမှ နယ်မြေကွင်းဆင်း ကွပ်ကဲ၍ နယ်မြေရှင်းလင်းရေးဆောင်ရွှက်လျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost



No comments:
Post a Comment