ခရီးသည်တင် Express ယာဉ်တစ်စီးအမြန်လမ်းမကြီးတွင် လမ်းဘေးထိုးကျ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရီးသည်တင် Express ယာဉ်တစ်စီးအမြန်လမ်းမကြီးတွင် လမ်းဘေးထိုးကျ




MNP ၊ သြဂုတ် ၂၂

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်အပိုင် မိုင်တိုင်အမှတ် ၇၇/၅ မိုင် နှင့် ၇၇/၆မိုင် အကြားတွင် သြဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၃နာရီ ၄၀မိနစ်အချိန်ခန့်က ရန်ကုန်-နေပြည်တော်ပြေးဆွဲနေသော ရန်ကုန်ဘက်မှနေပြည်တော်ဘက်သို့  ယာဉ်မောင်း ထွန်းထွန်းဝင်းမောင်းနှင်လာသော မိုးကောင်းကင် ခရီးသည်တင် Express ကား အဖြူရောင်ယာဉ်တစ်စီးသည် ခရီးသည်များတင်ဆောင်၍ မောင်းနှင်းလာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိမြောင်းထဲသို့ ထိုးကျမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ခရီးသည်စုစုပေါင်း (၁၆)ဦးအနက် ကျား(၁)ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျား (၅)ဦးနှင့် မ(၅)ဦးမှာ ပြင်းထန်ထိခိုက်ဒဏ်ရာများရရှိကာ ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန်လမ်းမကြီးဆေးရုံသို့တင်ပို့ခဲ့ရပြီး အမျိုးသမီး (၃)ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ညနေ ၅ နာရီခန့်တွင် ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့အရေးပေါ် လွှဲပြောင်းခဲ့ရကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)