Smart Party ဖြစ်စေရေး၊ အသွင်သစ်နှင့် ဆက်ဆံရေးအား အထူးဂရုပြုလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်း ဥက္ကဋ္ဌ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Smart Party ဖြစ်စေရေး၊ အသွင်သစ်နှင့် ဆက်ဆံရေးအား အထူးဂရုပြုလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်း ဥက္ကဋ္ဌ ပြောကြား





MNP ၊ သြဂုတ် ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မီဒီယာနှင့်ပြည်သူ့ဆက်ဆံရေးအထောက်အကူပြု (ဆင့်ပွား)သင်တန် း(၁/၂၀၂၃)ဖွင့်ပွဲကိုယနေ့ နေ့လည်(၁ ၀၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးရုံး၊ သင်တန်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွင့်ဖြိုးရေးပါတီ(ဗဟို)အလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသည်ရက်တိုသင်တန်းဖြစ်ပြီး ပါတီပုံရိပ်ကောင်းများအား ပြည်သူများသိစေရန်နှင့် Smart Party ဖြစ်စေရေး၊ အသွင်သစ်နှင့် ဆက်ဆံရေးအား အထူးဂရုပြုလိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ ပါတီအောင်နိုင်ရေးနှင့် ပါတီလှုပ်ရှားဆောင်ရွက်မှုများအား သတင်းမှန်ကန်စွာဖော်ပြနိုင်ရေး ဆောင်ရွက်ကြရန် ထည့်သွင်းပြောကြား သွားကြောင်း သိရသည်။


အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွင့်ဖြိုးရေးပါတီ(ဗဟို)အလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ပညာရေးရာ သင်တန်းတာဝန်ခံ ဒေါ်အေးမြင့်(တိုင်းပါတီကော်မတီဝင်)၊ မီဒီယာတာဝန်ခံ ဒေါ်အိအိလှိုင်(တိုင်းပါတီကော်မတီဝင်)၊ ခရိုင်ပါတီဥက္ကဌများ၊ မြို့နယ်ပါတီဥက္ကဌများနှင့် သင်တန်းသူ/သင်တန်းသား(၆၀)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)