NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အမည်ခံအကြမ်းဖက်သမားများက နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာရှိ အပြစ်မဲ့ပြည်သူများအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်၊ ကျေးရွာစာသင်ကျောင်းအား မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အမည်ခံအကြမ်းဖက်သမားများက နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာရှိ အပြစ်မဲ့ပြည်သူများအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်၊ ကျေးရွာစာသင်ကျောင်းအား မီးရှို့ဖျက်ဆီး


MNP ၊ ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊  မင်းရွာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူအပါအဝင် ကျေးရွာရှိ အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦးတို့အား ဩဂုတ် ၁၁ ရက် နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက  လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျေးရွာစာသင်ကျောင်းအား မီးရှို့ဖျက်ဆီး သွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာအတွင်းသို့ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အမည်ခံအကြမ်းဖက်သမားများသည် ဩဂုတ် ၁၁ ရက် နံနက် ၃ နာရီခန့်တွင် လက်နက်ငယ်များ ကိုင်ဆောင်၍ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေသည့် ဦးအုန်းဖေ နှင် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်မိုး အပါအဝင် အမျိုးသား ၂ ဦး နှင့်အမျိုးသမီး ၂ ဦးတို့အား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား မီးရှို့ ဖျက်ဆီးကာ ထွက်ပြေးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် သေဆုံးနေသည့် အပြစ်မဲ့ပြည်သူများ၏ အလောင်းများအား  လုံခြုံရေးတပ်ဖွဲ့ဝင်များက နွားထိုးကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ မေတ္တာမွန်လူမှု ကူညီရေးအသင်းပိုင် Alphard အမျိုးအစား မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့စဉ် နံနက် ၁၀ နာရီခန့်တွင် နွားထိုးကြီး - မြင်းခြံ သွား ကားလမ်း၊ မိုးကန်ကျေးရွာအနီးသို့ အရောက်၍ လမ်းညာဘက် ၁၀ ပေခန့်အကွာမှ PDF အမည်ခံအကြမ်းဖက်သမား များက လက်လုပ်အဝေးထိန်းမိုင်းများဖြင့် ထပ်မံပေါက်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)