ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လှုံ့ဆော်မှုများနောက်တွင် လိုက်ပါ၍ အပြစ်မဲ့ပြည်သူများကို အတိဒုက္ခရောက်အောင် လုပ်လိုခြင်း မရှိတော့သည့် PDF အဖွဲ့ဝင် ၈ဦး ဥပဒေဘောင်အတွင်း ဝင်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လှုံ့ဆော်မှုများနောက်တွင် လိုက်ပါ၍ အပြစ်မဲ့ပြည်သူများကို အတိဒုက္ခရောက်အောင် လုပ်လိုခြင်း မရှိတော့သည့် PDF အဖွဲ့ဝင် ၈ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်







MNP ၊ သြဂုတ် ၁၇

ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် ယနေ့ နံနက်ပိုင်းက ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လှုံ့ဆော်မငများနောက်တွင် လိုက်ပါ၍ အပြစ်မဲ့ ပြည်သူများကို အတိဒုက္ခရောက်အောင် လုပ်လိုခြင်း မရှိသည့် PDF အဖွဲ့ဝင် ၈ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံတော်အစိုးရမှ လက်နက်ကိုင်အဖွဲ့အတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ရန် စီစဉ်ဆောက်ရွက်ပေးနေမှု၊ အကြမ်းဖက်လုပ်ရပ်များကို ဥပဒေအရ အရေးယူဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့သည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များမှာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး KNU တပ်မဟာ ၆ နယ်မြေတွင် သင်တန်းတက်ရောက်ခဲ့သူများဖြစ်ပြီ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသည့် အမျိုးသား ၄ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၈ ဦး တို့သည်  ဥပဒေဘောင်အတွင်း ဝင်ရောက်လိုကြောင်း ဆက်သွယ်လာသဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် လက်ခံခွင့်ပြုခဲ့ခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)