ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားများအား ပြစ်ဒဏ်များချမှတ်၊ ကလေးသူငယ်များကိုပါ အကြမ်းဖက်သမားများအဖြစ် အသုံးချလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားများအား ပြစ်ဒဏ်များချမှတ်၊ ကလေးသူငယ်များကိုပါ အကြမ်းဖက်သမားများအဖြစ် အသုံးချလျက်ရှိ





MNP ၊ သြဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ အတိဒုက္ခရောက်စေရန် အကြမ်းဖက်လုပ်ရပ်မျိုးစုံကို လုပ်ဆောင်လျက်ရှိရာ အကြမ်းဖက်သမားများထဲမှ ဖမ်းဆီးရမိသူများကို ၂၂-၈-၂၀၂၃ ရက်နေ့က ပြစ်ဒဏ်များချမှတ်ခဲ့ပြီး NUG အကြမ်းဖက်အဖွဲ့သည် အရွယ်မရောက်သေးသည့် ကလေးငယ်များကိုပါ မိုင်းထောင်၊ ဖောက်ခွဲရေးလုပ်ငန်းများတွင် ခိုင်းစေလျက်ရှိသည်။

ကျွန်းလှမြို့နယ်၊ ကျောက်အိုင်ကျေးရွာ(ဟောင်း)တွင် နေထိုင်လျက်ရှိပြီး ၎င်း၏အမျိုးသားသည် အကြမ်းဖက် PDF အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး နိုင်ငံတော်အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် PDF အကြမ်းဖက်သမားဖြစ်ကြောင်း သိလျက်နှင့် ပေါင်းသင်းဆက်ဆံပြီး အားပေးထောက်ခံ၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့ရန် ပျက်ကွက်ပြီး အကြမ်းဖက်သမားမှ ပေးပိုသည့် ငွေများကို လက်ခံ/သုံးစွဲခဲ့သူ တရားခံ သိန်းချိုလင်း(ခ)ချိုကြီး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့နယ်၊ ကိုင်းတောကျေးရွာတွင် နေထိုင်လျက်ရှိပြီး ကိုင်းတောကျေးရွာ တွင် PDF အကြမ်းဖက်သမားများရှိကြောင်းနှင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည်ကို သိရှိပါလျက် သက်ဆိုင်ရာသို့ သတင်းပေးပိုရန် ပျက်ကွက်ခဲ့သည့် တရားခံ ဆန်းညွှန့်အောင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ် (၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

အလားတူ၂၃- ၈ -၂၀၂၃ ရက်နေ့တွင် ကလေးမြို့နယ်၊ သာယာကုန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး လက်နက်ကိုင် PDF အကြမ်းဖက်သမားများ ဖွင့်လှစ်သည့် အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သည့်   PDF အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖြစ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်း တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အများပြည်သူ အသုံးပြုလျက်ရှိသော လမ်းပေါ်တွင် ခရီးသွားပြည်သူများအား တားဆီးစစ်ဆေးခြင်း၊ ဆက်ကြေးကောက်ခြင်း များပြုလုပ်ခဲ့သည့် တရားခံ ထန်းတလွန်ထန်း(ခ)ထန်းထန်း အား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ-၈၉(င)အရ မန္တလေးမြို့ လူငယ်သင်တန်းကျောင်း တွင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ကလေးမြို့နယ်၊ ဆင်တောကျေးရွာတွင် နေထိုင်လျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းများ ကိုဖြစ်စေ၊ အစိုးရဝန်ထမ်းများအား ပြစ်မှုကျူးလွန်စေရန် ကြံရွယ်လျက် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား အနှောက်အယှက်ဖြစ်စေရန် ပြုလုပ်ခဲ့သည့် တရားခံ မဗန်းနွယ်ကိန်း(ခ)ချစ်စုဝေ အား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ-၈၉(င)အရ မန္တလေးမြို့ လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့အထိ ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့သည် အရွယ်မရောက်သေးသည့် ကလေးငယ်များကိုပါ အကြမ်းဖက်သမားများ အဖြစ် အသုံးချ၍ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)