ကနေဒါနိုင်ငံရဲ့ online news act အရ သတင်းအဆိပ်အန္တရာယ် ကင်းပြီ (မြန်မာပြည်သူတွေအတွက်လည်း အမှန်တကယ်လိုအပ်ပါသည်) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကနေဒါနိုင်ငံရဲ့ online news act အရ သတင်းအဆိပ်အန္တရာယ် ကင်းပြီ (မြန်မာပြည်သူတွေအတွက်လည်း အမှန်တကယ်လိုအပ်ပါသည်)











ကနေဒါနိုင်ငံမှာ ရှိတဲ့ မိတ်ဆွေတစ်ဦး က ကနေဒါမှာ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Myanmar Now အစရှိသော သတင်းစာမျက်နှာများကို ဝင်ရောက်ကြည့်ရှု၍ မရတော့ကြောင်း ပေးပို့လာပါတယ်။ ဒီမြင်ကွင်းပုံစံတွေကို မြင်လိုက်ရတဲ့အခါ မြန်မာပြည်မှာ ဖြစ်သင့်တဲ့ အခြေအနေဟာ ဒီလိုမျိုးဖြစ်နေရမှာလို့ တွေးလိုက်မိပါတယ်။


ဘယ်လိုအခြေအနေကြောင့် အခုလိုဖြစ်သွားသလဲဆိုတာကို စာရေးသူအနေနဲ့ လေ့လာကြည်ပါတယ်။ Instagram နှင့် Facebook တို့သည် ကနေဒါတွင် သတင်းများကို ပိတ်ထားတယ်ဆိုတဲ့ ရေးသားဖော်ပြချက်တွေကိုလည်း နိုင်ငံတကာသတင်းစာမျက်နှာတွေမှာ ရေးသားဖော်ပြထားတာကို တွေ့ရှိရပါတယ်။


အကြောင်းကတော့ ကနေဒါနိုင်ငံမှာ ပြဋ္ဌာန်းလိုက်တဲ့ The Online News Act ဥပဒေကြောင့်ပဲ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှာ ပြဋ္ဌာန်းလိုက်တဲ့ အွန်လိုင်းသတင်းဥပဒေ အရ ဆိုရှယ်ပဖက်ဖောင်းများ အနေနဲ့ ကနေဒါနိုင်ငံအတွင်းက သတင်းဌာနတွေကို ဝင်ငွေခွဲဝေပေးမယ့် သဘောတူညီချက်တွေ ရှိရမယ်။ နောက်တစ်ချက် ကနေဒါနိုင်ငံအတွင်းမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေဖြစ်ရမယ် ဆိုတဲ့ အချက်တွေ အဓိက ပါဝင်ပါတယ်။


ဒီဥပဒေကို အကြောင်းပြုပြီး Facebook, Instagram တို့ကို ပိုင်ဆိုင်ထားတဲ့ Meta ကုမ္ပဏီက "ကနေဒါရှိ ကျွန်ုပ်တို့၏ ပလပ်ဖောင်းများတွင် သတင်းရရှိနိုင်မှုဆိုင်ရာ အပြောင်းအလဲများ" ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ Meta ရဲ့ ဒီထုတ်ပြန်ချက်က ကနေဒါပြည်သူတွေအတွက် သတင်းအဆိပ်သင့်မှု အန္တရာယ်ကနေ ကင်းဝေခွင့် ရရှိနိုင်ခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ရက်နေ့က Meta ကုမ္ပဏီရဲ့ အပ်ဒိတ်ထုတ်ပြန်ချက်မှာ -


အွန်လိုင်းသတင်းအက်ဥပဒေကို လိုက်နာရန်အတွက် ကနေဒါတွင် သတင်းရရှိနိုင်မှုအဆုံးသတ်ခြင်းလုပ်ငန်းစဉ်ကို စတင်လိုက်ပါပြီ။ ဤပြောင်းလဲမှုများသည် ယနေ့မှစတင်ပြီး Canada တွင် Facebook နှင့် Instagram ကိုအသုံးပြုသည့်လူအားလုံးအတွက် လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။


ကနေဒါသတင်းဌာနများအတွက် ဆိုလိုသည်မှာ-

ကနေဒါရှိ သတင်းထုတ်ဝေသူများနှင့် ထုတ်လွှင့်သူများမှ တင်ထားသော သတင်းလင့်ခ်များနှင့် အကြောင်းအရာများကို ကနေဒါရှိလူများက ကြည့်ရှုနိုင်တော့မည်မဟုတ်ပါ။ အွန်လိုင်းသတင်းအက်ဥပဒေမှ ဥပဒေပြုအဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် လမ်းညွှန်ချက်များကို အခြေခံ၍ သတင်းဌာနများကို ဖော်ထုတ်လျက်ရှိသည်။

နိုင်ငံတကာ သတင်းဌာနများအတွက် ဆိုလိုသည်မှာ-

ကနေဒါနိုင်ငံပြင်ပရှိ သတင်းထုတ်ဝေသူများနှင့် ရုပ်သံလွှင့်ဌာနများသည် သတင်းလင့်ခ်များနှင့် အကြောင်းအရာများကို ဆက်လက်တင်နိုင်မည်ဖြစ်ပြီး၊ သို့သော် ထိုအကြောင်းအရာကို ကနေဒါရှိလူများက ကြည့်ရှုနိုင်မည်မဟုတ်ပေ။

ကျွန်ုပ်တို့၏ ကနေဒါအသိုင်းအဝိုင်းအတွက် ဤအဓိပ္ပာယ်မှာ-

ကနေဒါရှိလူများသည် သတင်းဆောင်းပါးများနှင့် သတင်းဌာနများမှ တင်ထားသော ရုပ်မြင်သံကြားအကြောင်းအရာများအပါအဝင် Facebook နှင့် Instagram တွင် သတင်းအကြောင်းအရာများကို ကြည့်ရှုခြင်း သို့မဟုတ် မျှဝေနိုင်တော့မည်မဟုတ်ပါ။


Meta ကုမ္ပဏီ က သူ့ရဲ့ ပလက်ဖောင်းတွေပေါ်မှာ ကနေဒါသတင်းဌာနတွေရဲ့ သတင်း Link တွေ တင်ခွင့်ပေးမှာ မဟုတ်တော့သလို ကနေဒါပြင်ပက သတင်းဌာနများအနေနဲ့ သတင်းများ ဆက်လက်ဖော်ပြနိုင်သော်လည်း ကနေဒါနိုင်ငံကနေ ကြည့်လို့မရအောင် လုပ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။


အထက်ဖော်ပြပါ အခြေအနေမျိုးဟာ BBC, VOA, RFA, DVB, Mizzima, Khit Thit Media, Myanmar Now ကဲ့သို့သော သတင်းဌာနအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူများရဲ့ သတင်းအဆိပ်သင့်နေတဲ့ ကျွန်တော်တို့ မြန်မာပြည်သူများအတွက် အမှန်တကယ်လိုအပ်နေတဲ့ အချက်ဖြစ်ပါတယ်။


နစကအစိုးရသက်တမ်းအတွင်းမှာ ကျွန်တော်တို့အနေနဲ့ ပြည်သူများသတင်းအဆိပ်သင့်နေရတဲ့ အခြေအနေကို ကျယ်ကျယ်လောင်လောင်ပြောဆိုခဲ့ပါတယ်။ တာဝန်ရှိသူများလည်း သိရှိနားလည်ထားပါတယ်။ ဒီအတွက် ဥပဒေတစ်ရပ်ပြဋ္ဌာန်းခြင်း မရှိသလို အလေးထားကိုင်တွယ်မှုအပိုင်းမှာလည်း အားနည်းခဲ့ပါတယ်။


ဆွေးနွေးပွဲတစ်ခုမှာဆိုရင် ဒုဝန်ကြီးတစ်ပါး က လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုတွေ လုပ်နေတဲ့ Khit Thit Media, Myanmar Now ကဲ့သို့သော သတင်းစာမျက်နှာတွေကို ပိတ်ပင်နိုင်ကြောင်း၊ Facebook ကို ပိတ်ပင်စရာမလိုဘဲ manually ဌာနတစ်ခုချင်းကို ပိတ်ပင်ထားနိုင်ကြောင်း အထိ နည်းပညာပိုင်းဆိုင်ရာ ကိုပါ ဆွေးနွေးသွားခဲ့ပါတယ်။ 


အထူးအားဖြင့် နိုင်ငံတော်အစိုးရရဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေအပေါ်မှာ ရည်ရွယ်ချက်ကို မရောက်နိုင်အောင် BBC, VOA, RFA, DVB, Mizzima, Khit Thit Media, Myanmar Now ကဲ့သို့သော သတင်းဌာနများက လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ ယနေ့ အထွေထွေအကြပ်အတည်းနဲ့ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေမှုတွေဟာလည်း ဖော်ပြပါ ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီးရေးသားမှုတွေအပေါ် အခြေခံပြီး ပြည်သူတွေမှာ ခါးစည်းခံနေကြရတာ ဖြစ်ပါတယ်။ 


အစိုးရအနေနဲ့လည်း ဥပဒေပြဋ္ဌာန်းသင့်တာကို အလျှင်အမြန် လုပ်ဆောင်သင့်သလို Meta ကုမ္ပဏီဘက်ကနေလည်း ကနေဒါနိုင်ငံအတွင်းကို သူ့ရဲ့ ပလက်ဖောင်းတွေပေါ်ကနေ သတင်းများ စီးဝင်ခွင့် မပြုတော့သလို မြန်မာနိုင်ငံအတွင်းကို သတင်းများစီးဆင်းခွင့် မပြုတော့ဘူးဆိုရင် တိုင်းပြည်ဟာ တကယ့်ကို မင်္ဂလာဖြစ်ပါပြီ။ ကျွန်တော်တို့ ပြည်တွင်း သတင်းဌာနများရဲ့ ဖော်ပြချက်များကို ခွင့်မပြုခဲ့ရင်လည်း ပြဿနာမရှိပါဘူး။ Facebook ပေါ်မှာ ကျွန်တော်တို့ရဲ့ သတင်းတွေကို လုံးဝမဖော်ပြလိုပါဘူး။ လက်ရှိအချိန်မှာတော့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများရဲ့ သတင်းအဆိပ်တွေ ပျံ့နှံ့နေတဲ့ အနေအထားတစ်ခုမှာ ကျွန်တော်တို့ ဘက်ကလည်း အကြမ်းဖက်အန္တရာယ် တုန့်ပြန်ရေးကို လုပ်လို့ရသလောက် လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ 


Meta ကုမ္ပဏီရဲ့ ဆောင်ရွက်ချက်ဟာ မြန်မာနိုင်ငံအတွက် အထူးသင့်တော်မယ့် ဆောင်ရွက်ချက်မျိုး ဖြစ်ပါတယ်။ BBC, VOA, RFA, DVB, Mizzima, Khit Thit Media, Myanmar Now ကဲ့သို့သော သတင်းဌာများရဲ့ လုပ်ကြံဖန်တီးရေးသားဖော်ပြမှုတွေကို ပြည်သူများက နေ့စဉ်နဲ့အမျှ မြင်တွေ့ကြားသိနေရသောအခါ အစိုးရနဲ့ ပြည်သူကြား ရင်ကြားစေ့လို့ မရနိုင်တဲ့ ပြဿနာ၊ NLD အစွန်းရောက်များရဲ့ အကြမ်းဖက်လုပ်ရပ်များအပေါ် ပြည်သူများက ပိုမိုစိုးရိမ်ကြောက်ရွံ့လာတဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်လာပါတယ်။ 


စာရေးသူအနေနဲ့ကတော့ နစကအစိုးရကို ပြည်သူလူထုအတွက် ကောင်းကျိုးလိုလားတဲ့ အစိုးရမျိုးလို့ ယုံကြည်မျှော်လင့်ပါတယ်။ ပြည်သူလူထုကြားမှာ အမုန်းတရားတွေဖြစ်ပေါ်အောင် လုပ်ဆောင်နေတာမျိုးတွေကို မလိုလားဘူး။ ပြည်သူလူထုရဲ့ နေ့စဉ်လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းစွာ လုပ်ကိုင်ဆောင်ရွက်စေလိုတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ဆန္ဒသဘောထားကိုလည်း သိရှိထားပြီး ဖြစ်ပါတယ်။ 


အဓိကအားဖြင့် ပြည်သူလူထုကြားမှာ အမုန်းတရားတွေ ဖြစ်ပေါ်စေရန်၊ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်စေရန် အချိန်နဲ့အမျှ လုပ်ဆောင်နေသလို အစိုးရက ပြည်သူလူထုကောင်းကျိုးအတွက် ရည်ရွယ်ဆောင်ရွက်နေတာတွေကို အပြုသဘောမဆန်ဘဲ အဆိုးဘက်ကို ဦးတည်ပြီး ဖန်တီးလုပ်ဆောင်နေတဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ သတင်းအဆိပ်အန္တရာယ်ကို တားဆီးရေးဟာလည်း ဦးစားပေး လုပ်ဆောင်သင့်ပါကြောင်း ထပ်လောင်း တင်ပြလိုက်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)