MNP ၊ ဩဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊စားသုံးသူရေးရာဦးစီးဌာန၊ အားကစား နှင့် ကာယပညာဦးစီးဌာန နှင့် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ အမက (နွားမယံ) နှင့် အမက (ပုတ္တန်း) ကေျာင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးဇင်ဝင်းကိုက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောေပြာပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်နှင့်စာပေ၊ လူကုန်ကူးမှုတားဆီးရေးအသိပညာေပးအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်က စားသုံးသူများ၏ အခွင့်အေရးများ၊ စားသုံးသူနှင့်ပတ်သက်သောကုန်ညွှန်းအမှတ်အသား ( ၈)ချက်၊
မြို့နယ်တိုင်းရင်းဆေးကုဌာန ၊လက်ေထာက်တိုင်းရင်းေဆးမှူး ဒေါ်ဇာဇာေအာင် က မျက်လုံးကျန်းမာရေး နှင့် သုံးစွဲရမည့် တိုင်းရင်းဆေးဝါးများအကြောင်း အသိပညာပေးဟောပြောခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက "အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုး ေကျးဇူးများ " ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးကျောင်းသား၊ကျောင်းသူလေးများကို မြန်မာ့သိုင်းအားကစား သရုပ်ပြလေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့် ဒု-ဦးစီးမှူး ဒေါ်ေနွးဒါလီနိုင်က " အိုးကလေးနှစ်လုံး" ခေါင်းစဉ်ဖြင့် ပုံပြင်များပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာအုပ်စာစောင်များဖတ်ေစခြင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ကလေးအလုပ်သမားပ ပေျာက်ရေးအသိပညာပေးနံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျောင်းသား ၊ကျောင်းသူလေးများကို ဆေးဝါးများ ကုသပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment