တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP)အကောင်အထည်ဖော်ဆောင်ရွက်မည့် ရော်ဘာ၊ ဆီအုန်း၊ ကွမ်းသီးကဏ္ဍများ၏ စီမံချက်ရေးဆွဲခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP)အကောင်အထည်ဖော်ဆောင်ရွက်မည့် ရော်ဘာ၊ ဆီအုန်း၊ ကွမ်းသီးကဏ္ဍများ၏ စီမံချက်ရေးဆွဲခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




MNP ၊  ဩဂုတ်  ၁၇

တနင်္သာရီတိုင်းဒေသကြီး ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP)အကောင်အထည်ဖော်ဆောင်ရွက်မည့် ရော်ဘာ၊ ဆီအုန်း၊ ကွမ်းသီး ကဏ္ဍများ၏ စီမံချက်ရေးဆွဲခြင်းနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် တိုင်းဒေသကြီး MSME အေဂျင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက နိုင်ငံတော်အတွင်း စီးပွားရေးရာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးတွင် One Region One Product စီမံချက်များရေးဆွဲပြီး အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဦးဆောင်ကော်မတီ၊ ကဏ္ဍအလိုက် ဆပ်ကော်မတီများကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ကော်မတီများအနေဖြင့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြေပြင်တွင် လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံချက်များကို ရေးဆွဲဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် ရေမြေရာသီဥတုနှင့်လျော်ညီသော ရော်ဘာ၊ ဆီအုန်း၊ ကွမ်းသီးများ အောင်မြင်ဖြစ်ထွန်းသော ဒေသဖြစ်သည်နှင့်အညီ စိုက်ဧရိယာများနှင့် သီးနှံများ၏ အထွက်နှုန်းများသည်လည်း တိုးတက်ရရှိနေသော အခြေအနေကောင်းများရှိနေပြီးဖြစ်ကြောင်း၊ ထွက်ရှိလာသော စိုက်ပျိုးရေးထွက်ကုန်များကို တိုင်းဒေသကြီး MSME အေဂျင်စီက ဖွဲ့စည်းပေးထားသည့် ကော်မတီများအနေဖြင့် (OROP)အဖြစ် စီမံချက်ရေးဆွဲပြီး မိမိဆပ်ကော်မတီအလိုက်၊ ရည်မှန်းထားရှိသော ပန်းတိုင်ရောက်ရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးသန်းထိုက်က ရော်ဘာ၊ ဆီအုန်း၊ ကွမ်းသီးစိုက်ပျိုး ထုတ်လုပ်မှုအခြေအနေများနှင့်ပတ်သက်၍ ကဏ္ဍအလိုက် စီမံချက်(မူကြမ်း)ရေးဆွဲထားရှိမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဆန်းလင်းဦးက မြေယာလိုအပ်မှုပံ့ပိုးပေးမည့်စီမံချက်ရေးဆွဲနိုင်ရေးနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြသည်။


ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ရော်ဘာ၊ ဆီအုန်း၊  ကွမ်းသီး ကဏ္ဍများ၏ စီမံချက်ရေးဆွဲခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)