MNP ၊ သြဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာ မြောက်ဘက်မှ အကြမ်းဖက် သမား PDF ၁၂ ဦးဆိုင်ကယ် ၆ စီးဖြင့် ယမန်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဝင်ရောက်လာပြီး ရွာအဝင်တောစပ်တွင် နွားကျောင်းနေသည့် ကိုဖုန်းတင့်(ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ) ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကိုဖုန်းတင့်တွင် ဦးခေါင်းကျည်ဖောက်ထွက်၊ ယာဘက်ရင်အုံ၊ ယာဘက်ကျော၊ ဘယ်ဘက်ဒူး၊ ဘယ်ဘက်လက်ဖျံ ကျည်ဖောက်ထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
PDF အကြမ်းဖက်သမားများသည် သားကျင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကျေးရွာအတွင်း နေအိမ်၌ ရှိနေသော ဦးဟန်လင်း (သားကျင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ယောက်ဖ)ကို နေအိမ်၌ပင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးဟန်လင်းမှာ ဦးခေါင်းကျည်ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ ဝဲးပါး/မျက်လုံးတို့တွင် ကျည်ဖောက်ထွက်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။
အလားတူ PDF အကြမ်းဖက်သမားများ သည် ရွာအရှေ့ပိုင်းရှိ ဈေးဆိုင်၌ရှိနေသည့် ဒေါ်လှလှ(nld ထောက်ခံသူ)နှင့် မယဉ်မွန်ဇော်( nldထောက်ခံသူ)တို့ကိုလည်း ဒလန်ဟုပြောဆိုကာ ခေါ်ဆောင်သွားကြပြီး ရွာအလယ်ဘောလုံးကွင်းသို့အရောက်တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဒေါ်လှလှတွင် ဝဲဘက်နားထင်ကျည်ဖောက်ထွက်ဒဏ်ရာနှင့် မယဉ်မွန်ဇော် တွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာတို့ဖြင့် သေဆုံးသွားကြောင်း သိရသည်။
ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများသည် ယမန်နေ့က ကန့်ဘလူမြို့နယ်၊ ယမနေကျေးရွာတွင် ကလေးငယ် ၂ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၆ဦးကို သတ်ဖြတ်ခဲ့ကြသည်။
#MyanmarNationalPost

No comments:
Post a Comment