MNP ၊ ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် တရားခံ (၄) ဦး အား ၁၁- ၈ -၂၀၂၃ ရက်နေ့တွင် ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရှိရပါသည်။
မုံရွာမြို့၊ ရန်ကင်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး သားဖြစ်သူသည် မုံရွာမြို့နယ် PDF အကြမ်းဖက်သမား/လက်နက်ပွဲစား ပြုလုပ်ခြင်း၊ PDF အကြမ်းဖက် အဖွဲ့အစည်းများအတွက် ပြည်သူများထံမှ အလှူငွေများ ကောက်ခံ၍ ထောက်ပံ့ ပေးမှုများ ဆောင်ရွက်ခဲ့သည်ကို သိရှိခဲ့သော်လည်း အကြမ်းဖက်လုပ်ရပ်များကို အားပေးကူညီခြင်းများ ဆောင်ရွက်ပြီး သက်ဆိုင်ရာသို့ သတင်းပိုရန် ပျက်ကွက်ခဲ့သူ တရားခံ မောင်နိုင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
မုံရွာမြို့၊ ရန်ကင်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး သားဖြစ်သူသည် မုံရွာမြို့နယ် PDF အကြမ်းဖက်သမား/လက်နက်ပွဲစား ပြုလုပ်ခြင်း၊ PDF အကြမ်းဖက် အဖွဲ့အစည်းများအတွက် ပြည်သူများထံမှ အလှူငွေများ ကောက်ခံ၍ ထောက်ပံ့ပေးမှုများ ဆောင်ရွက်ခဲ့သည်ကို သိရှိခဲ့သော်လည်း အကြမ်းဖက်လုပ်ရပ်များကို အားပေးကူညီခြင်းများ ဆောင်ရွက်ပြီး သက်ဆိုင်ရာသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့သူ တရားခံ မြင့်မြင့်စိန်(ခ)ပြုံးပြုံးသွယ် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရှိရပါသည်။
စစ်ကိုင်းမြို့နယ်၊ ဆင်မြေကျေးရွာတွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တရားမဝင် ဖွဲစည်းထားသော NUG အကြမ်းဖက်အဖွဲ့အား ထောက်ခံကြောင်း ပုံများဖြင့် ဖော်ပြထားခြင်း၊ PDF အကြမ်းဖက်ဖွဲ့များအား ထောက်ခံအားပေးသောစာများ ရေးသားထားခြင်းနှင့် အကြမ်းဖက်သမားများ အသုံးပြုနေသော Facebook Channel အား Group ဝင်ထားခြင်းများ ပြုလုပ်ထားခြင်းနှင့်အတူ မုံရွာမြို့ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိသူ တရားခံ ဟေမာန်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်၊ ဗြဲတရော်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သူတစ်ဦးဦးပါဝင်စေရန် တိုက်တွန်းခြင်း၊ ဝါဒဖြန့်ခြင်း၊ အားပေးထောက်ခံခြင်းများ၊ အကြမ်းဖက်သမားများနှင့် စပ်လျဉ်း၍ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဆက်သွယ်ဆောင်ရွက်မှုရှိကြောင်းနှင့် သက်ဆိုင်ရာသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့ကြောင်း သက်သေ အထောက်အထားများနှင့်အတူ မုံရွာမြို စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးရမိသူ တရားခံ စောမြတ်ထွန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment