ကျောက်ဖြူမြို့၌ Biometric Data ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ Biometric Data ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်







MNP ၊  စက်တင်ဘာ  ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်/မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက စက်တင်ဘာ (၂၆) ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Biometric Data ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ ကျောက်ဖြူခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကေသီဝမ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးတို့ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အသက် (၁၀)နှစ်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data ကောက်ယူရာ၌ Face Recognition, Iris, Finger Print နှင့် ဂဏန်း၁၀လုံးပါ  Unique ID နံပါတ်ကိုသတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေး နိုင်ရေး ဆောင်ရွက်လျက်ရှိရာ  UID Management System ပြုလုပ်ရန် လာရောက်သူများအနေဖြင့်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများတစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း၊ Face Recognition နှင့် Iris ပြုလုပ်‌စဉ်   မျက်မှန်တပ်ဆင်ခြင်း၊ မျက်ကပ်မှန်တပ်ထားခြင်း၊ သနပ်ခါးပါးကွက်များလိမ်းခြယ်ခြင်း၊ မိတ်ကပ် ထူထူလိမ်းခြယ်ထားခြင်းများ မပြုလုပ်ရန်လိုအပ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


အဆိုပါ စာရင်းကောက်ယူနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်/မြို့နယ်ဦးစီးမှူးများက လှည့်လည် ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။ 



တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)