MNP ၊ စက်တင်ဘာ ၂၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဈေးကွက်အတွင်းရောင်းချနေသည့် စားသုံးဆီများ အတုပြုလုပ် ရောင်းခြင်းရှိ/မရှိနှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရေးအတွက် ဈေးကွက်အတွင်း လိုက်လံစစ်ဆေးခြင်းကို ယနေ့၊ နံနက် ၇နာရီ က တာဝန်ရှိသူများပူးပေါင်းကာ လိုက်လံဆောင်ရွက်ခဲ့ကြသည်။
လိုက်လံစစ်ဆေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်နှင့် ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့ ဦးဆောင်၍ စည်ပင် သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဈေးတာဝန်ခံနှင့် တာဝန်ရှိသူများက စားသုံးဆီများ အတုပြုလုပ်၍ သိုလှောင်ဖြန့်ဖြူးရောင်းချနေမှုနှင့် စားအုန်းဆီများမြေပဲဆီအနံ့ရရှိစေရန် ရောစပ်ထားသောဓာတုကုန်ကြမ်းပစ္စည်းများ ရောင်းချဖြန့်ဖြူးနေသည့် အရောင်းဆိုင်များ ရှိ/မရှိအား ကျိုက်ထို မြို့မဈေးနှင့် ကုန်မျိုးစုံအရောင်းဆိုင်များ၌ လိုက်လံကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရေးနှင့် အတုပြုလုပ်သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းမရှိရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment