စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ သီးနှံတာရှည်ခံနည်းပညာ လွှဲပြောင်းသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ သီးနှံတာရှည်ခံနည်းပညာ လွှဲပြောင်းသင်တန်းဆင်းပွဲကျင်းပ




MNP ၊  စက်တင်ဘာ  ၃၀

စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြီး သီးနှံတာရှည်ခံနည်းပညာလွှဲပြောင်းခြင်းနှင့် နည်းပညာအသုံးပြုနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက အဆိုပါရုံး Incubation Centreတွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မောင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မုံရွာမြို့ပေါ်ရှိ အညာမြေ ရှားစောင်းလက်ပတ်ချက်ဆေးလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ကြသည်။


ဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မောင်းက ထုတ်လုပ်ရောင်းချသူများ၊သုံးစွဲသူ မိဘပြည်သူများအတွက် ရရှိလာမည့် အကျိုးကျေးဇူးများအား အကျယ်တဝင့်ရှင်းလင်းအမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက သင်တန်းသူဒေါ်သီတာစင်ထံသို့ သင်တန်းဆင်းလက်မှတ်ကို ပေးအပ်ခဲ့သည်။


ဆက်လက်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ အညာမြေ ရှားစောင်းလက်ပတ်ချက်ဆေးလုပ်ငန်းရှင်တို့မှ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။


အဆိုပါသင်တန်းသို့ မုံရွာမြို့ပေါ်မှ သီးနှံတာရှည်ခံနည်းပညာလွှဲပြောင်းရယူသူလုပ်ငန်းရှင်နှင့် သင်တန်းအား စိတ်ပါဝင်စားသူ(၁၅)ဦး တက်ရောက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြဆရာ၊ဆရာမများက သီးနှံတာရှည်ခံနည်းပညာများနှင့်သတ်သက်၍ သင်တန်းကာလ(၃)ရက်ကြာစာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)