သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP ၊  စက်တင်ဘာ  ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများလကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ၁နာရီအချိန်က မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပကြသည်။


ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းဧရာထိုက်၊အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃)မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဦးမြင့်မြတ်‌ဇော်တို့မှ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုံခြုံရေးအဓိကထားဆောင်ရွက်ရန်၊ ဧည့်စာရင်းစစ်ဆေးရန်၊ စာရွက်အလွတ်ပေါ်တွင် ရုံးတံဆိပ်ရိုက်ပြီး လက်မှတ်ထိုး ထောက်ခံချက်မပေးရန်၊ လူဝင်လူထွက်ဧည့်စိမ်းများစစ်ဆေးရန်၊ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေး ဆောင်ရွက်ရန်၊ လုပ်ငန်းစဉ်အတိုင်း နည်းလမ်း(၅)မျိုး  ဖြင့်ဆောင်ရွက်ရန်၊ သစ်စိမ်းမြေသြဇာမျိုးထုတ် ဆောင်ရွက်ရန်၊ ဆောင်းနေကြာ(၂၁၀၈)ဧက စိုက်ပျိုးရေးဆောင်ရွက်ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံဖြင့် သွင်းအားစုရယူသုံးစွဲမှု ကြပ်မတ်စစ်ဆေးဆောင်ရွက်ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၁)ဘီလီယံဖြင့် ချေးယူထားသည့်တောင်သူများ (စပါး/ပီလောပီနံ)စစ်ဆေးဆောင်ရွက်ရန်၊ သုတေသနစိုက်ခင်း(သစ်စိမ်း/သစ်စိမ်း+သဘာဝ/သစ်စိမ်း+သဘာဝ+ဓာတ်မြေ)စနစ်တကျမှတ်တမ်းတင်ရန်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျရှုံး(၁၇၆)ဦးအနက် အတွင်းဖြေ(၇၁)ဦးတို့ကို တွေ့ဆုံစည်းရုံးပြောကြား ဆောင်ရွက်ရန်၊စာသင်ကျောင်း(ဆရာဆရာမ၊ကျောင်းဆောင်)လိုအပ်ချက်တင်ပြဆောင်ရွက်ရန်၊ သွေးလွန်တုပ်ကွေးရောဂါ ဂရုစိုက်ဆောင်ရွက်ရန်၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးဆောင်ရွက်ရန်၊ ကုန်စျေးနှုန်းကျဆင်းရေးမွေးမြူရေး၊ စိုက်ပျိုးရေးဆောင်ရွက်ရန်၊ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရေတွင်း၊ ရေကန်၊ ချောင်း၊ မြောင်းများ ရေသိုလှောင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ရန်၊ ရပ်ရွာအခြေပြု အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းခလေးများ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံရေးဆောင်ရွက်ရန်၊ လူဦးရေစာရင်း(ဖွား၊သေ၊ပြောင်းဝင်၊ပြောင်းထွက်)စာရင်းကောက်ယူတင်ပြရန်၊ လယ်ယာ၊ လမ်းကျူးကျော်ဆောက်လုပ်နေသည့် အဆောက်အဦများတားမြစ်ဆောင်ရွက်ရန်၊ မိမိဒေသမှထွက်ရှိသည့် စပါးများ သယ်ယူပို့ဆောင်ပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြရန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုချက်ရရှိမှသာ သယ်ယူပို့ဆောင်ရန်၊အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေးဆောင်ရွက်ရန်နှင့် အထွေထွေကိစ္စရပ်တို့ကို ဆွေးနွေးမှာကြားရာ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မျိုးဇော်သိန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)