MNP ၊ စက်တင်ဘာ ၃၀
တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်)နေ့တွင် မြန်မာပြည်အရပ်ရပ်မှ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျှက်ရှိကာ ဘုရားဖူးလာရောက်သူ နှစ်သောင်းကျော်ခန့် လာရောက်ဖူးမြှော်လျှက်ရှိကြောင်း သိရသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် အခါကြီးရက်ကြီးမဟုတ်သည့် နေ့များတွင်ပင် ဘုရားဖူးများအမြဲလာရောက်လျှက်ရှိသည့် ဒေသဖြစ်ရာ အခါကြီးရက်ကြီးများနှင့် အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် မိသားစုလိုက်သော်လည်းကောင်း၊ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများနှင့်သော်လည်းကောင်း လာရောက် ဘုရားဖူးလျှက်ရှိကြရာ ဝါတွင်းကာလအတွင်း အဖိတ်၊ ဥပုဒ်နေ့များတွင် နံနက် (၄) နာရီမှ ည (၉) နာရီအထိ သမိုင်းအထင်ကရဘုရားများ ယနေ့တော်သလင်းလပြည့်နေ့ နံနက် (၄) နာရီ အချိန်မှစတင်ကာ မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ ရွှေစည်းခုံစွယ်တော်မြတ်စေတီသို့ ဆွမ်းကပ်ရန်နှင့်တရားထိုင်၊ အန္တရာယ်ကင်းပရိတ်၊ ပဌာန်းရွတ်ဖတ်ကြရန် ရောက်ရှိနေကြကြောင်း ရွှေစည်းခုံဘုရား ရုံအဖွဲ့မှူး ဦးသန်းမြင့်ဦးမှ ရှင်းပြသည်။ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဂေါပကထားရှိသည့် ဘုရား (၁၉) ဆူအား ဝါတွင်းကာလ၌ နံနက် (၅) နာရီမှ ညနေ (၇) နာရီအထိ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း၊ တော်သလင်းလပြည့်နေ့တွင် မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ လာရောက်သူ များပြားလျှက်ရှိရာ မြင်းလှည်းအငှားလိုက်သူများ၊ E-Bike၊ မီနီအိုးဝေ၊ အငှားလိုက်သူများ၊ ပြည်တွင်းဧည့်လမ်းညွှန်များ၊ စားသောက်ဆိုင်များ၊ လက်ရေးပန်းချီဆွဲသူများ အလုပ်အကိုင်များကောင်းနေကြကာ ဟိုတယ်၊ တည်းခိုးခန်းများတွင်လည်း ခရီးသွားဘုရားဖူးဝင် ရောက်မှုများပြားခဲ့ကြောင်း သိရသည်။
တော်သလင်းလပြည့်နေ့တွင် ကျောက်ပန်းတောင်း-ညောင်ဦး ကားလမ်းဘေး တစ်လျှောက်ဖွင့်လှစ်ထားရှိသည့် အညာရိုးရာထန်းတဲများတွင်လည်း ဘုရားဖူးကားများ ပြည့်နေကြောင်း၊ ဘုရားဖူးလာဧည့်သည်များသည် သမိုင်းအထင်ကရဘုရားများသို့သာ သွားရောက်ဖူးမြှော်ကြသည်မဟုတ်ကြပဲ ဘုရားသုံးဆူ၊ လေးမျက်နှာဘုရား၊ သစ္စာဝတီဘုရား၊ ဝတ္တနထောဘုရားစု၊ ဆူးလေကုန်းဘုရား၊ ကျောက်မျက်မှော်ဘုရား၊ အရှေ့ဖက်လိပ်ဘုရား၊ အနောက်ဖက်လိပ်ဘုရား၊ စိမ်းညက်ညီအစ်မဘုရား၊ သိကြားပုန်းဘုရား၊ သကြားဟစ်ဘုရား၊ ခြောက်ဘုရားလှ၊ နန်းဦးဘုရား၊ နတ်လှောင်ကျောင်း၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဥပါဠိသိမ်၊ ရွှေလိပ်တူးဘုရားနှင့် လူသူအရောက်အပေါက်နဲသည့် ဘုရားများသို့ ပြည်တွင်းဧည့်လမ်းညွှန်များ ငှားရမ်းကာသွားရောက်၍ နံရံဆေးရေးပန်းချီလေ့လာခြင်း၊ ရှေးဟောင်းအင်္ဂတောပန်းများလေ့လာခြင်း၊ များပြားလှသည့်ဘုရားများအား ပုံစံမတူတည်ဆောက်ပုံများ လေ့လာကြကြောင်း ပြည်တွင်းဧည့်လမ်းညွှန် ဦးတင်လင်းအောင်ကရှင်းပြသည်။ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တော်သလင်းလပြည်နေ့တွင် ဘုရားဖူးနှစ်သောင်းကျော် ဝင်ရောက်ခဲ့ကြောင်း ကျယ်ဝန်းပြီး ဘုရားစေတီ၊ ပုထိုးပေါများသည့် ပုဂံရှေးဟောင်းနယ်မြေတွင် နေရာတိုင်းဘုရားဖူးများရှိနေကြောင်းသိရပြီး တစ်ရက်လျှင် ဘုရားဖူးလာရောက်သူ နှစ်သောင်းကျော်ခန့် လာရောက်လျှက်ရှိ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment