MNP ၊ စက်တင်ဘာ ၃၀
ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် မြို့နယ်ပညာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းနှင့်မြို့နယ်ကျန်းမာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းတို့ ချစ်ကြည်ရေဘောလုံးယှဉ်ပြိုင်ကစားခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကစားကြသည်။
အဆိုပါ မြို့နယ်ပညာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံးယဉ်ပြိုင်ကစားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ဆရာ၊ ဆရာမများ၊ကျောင်းသား/သူများနှင့်အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြရာ မြို့နယ်ပညာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းကို (၂)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိကြောင်း သိရသည်။
ဝင်းမင်းစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment