MNP ၊ စက်တင်ဘာ ၅
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြစ်ကြီးနားမြို့၊ ရန်ကြီးအောင် ရပ်ကွက်ရှိ၊ ရန်ကြီးအောင်ဈေးအနီးသက်သာချောင်ချိရေး အရောင်းဆိုင်များတွင် ယနေ့ နံနက် ၇ နာရီက အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြသည်။
ထိုသို့ရောင်းချပေးရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်တစ်ပြည် (၃၀၀၀) ကျပ်၊ ဆီတစ်ပိဿာ (၅၀၀၀) ကျပ်၊ ဝက်သား (ပေါင်သား)တစ်ပိဿာ (၂၁၀၀၀)ကျပ်၊ အမဲသား (အရိုးလွတ်) တစ်ပိဿာ (၁၆၀၀၀)ကျပ်၊ ငါးတစ်ပိဿာ (၇၅၀၀) ကျပ်၊ ကြက်သား (CP) ကြက် တစ်ပိဿာ(၁၁၀၀၀) ကျပ်၊ ကြက်ဥတစ်လုံး (၂၈၀)ကျပ်နှင့် ဟင်းသီးဟင်းရွက် အမျိုးမျိုးတို့အား မြစ်ကြီးနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက ဒေသခံများ၏ စားဝတ် နေရေး သက်သာချောင်ချိရေးအတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့သည်။
အဆိုပါ သက်သာချောင်ချိရေး အရောင်းဆိုင်များကို မြစ်ကြီးနားမြို့နယ် ရန်ကြီးအောင် ဈေး၊ ရွှေညောင်ပင်ဈေး၊ တပ်ကုန်းဈေး၊ လယ်ကုန်းဈေး၊ စီတာပူဈေး၊ ပမ္မတီးဈေး၊ ဒူကထောင်ဈေး၊ မြို့သစ်ကြီးဈေး၊ အင်ဂျန်ဒုံဈေးနှင့် ခေမာသီရိဈေးတို့တွင် အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာ နေ့ရက်များတွင် ပြောင်းရွှေ့ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment