MNP ၊ စက်တင်ဘာ ၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနိုင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဘောက်နော်က အဖွင့်အမှာစကား ပြောကြားခြင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၏ တန်ဖိုးနှင့် ကိုင်ဆောင်သူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်မှသာ နိုင်ငံသားအခွင့်အရေးကို ပြည့်ပြည့်ဝဝ ရရှိမှာဖြစ်ကြောင်း ပြောကြားပြီး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် အသက် (၁၀) နှစ်အထက်ရှိသူ ကျောင်းသား/ ကျောင်းသူ (၇၆) ဦးနှင့် အသက် (၁၈) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူ(၂)ဦး စုစုပေါင်း (၇၈)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနိုင်းခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်သန်း၊ ခရိုင် ပညာရေးမှူး ဆရာကြီးဦးအောင်ဆွေ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဘောက်နော်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူ (၇၈) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပန်းအိ
https://t.me/MyanmarNationalPost
No comments:
Post a Comment