သံတွဲမြို့၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆောင်ရွက်



MNP ၊  စက်တင်ဘာ ၅

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး ၊ အုပ်ချုပ်ရေး၊ပညာရေး ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်း အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီမှစတင်၍ လင်းသာရပ်ကွက်နှင့် မြပြင်ရပ်ကွက်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။ 


အဆိုပါအဖွဲ့သည် လင်းသာရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံးနှင့် မြပြင်ရပ်ကွက် မြရတနာ ဘုန်းတော်ကြီးကျောင်းတို့တွင် ပြည်သူများ၊ ကျောင်းသား၊ သူများနှင့်တွေ့ဆုံကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန် က ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့ ကွင်းဆင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်၊ ဒေသအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုး တက်ရေး ဆိုင်ရာများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ထပ်မံချမှတ်ခဲ့သည့် နိုင်ငံတော်ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ 


ဆက်လက်၍ ခရိုင်/ မြို့နယ် အဆင့် ဌာဆိုင်ရာများက နိုင်ငံသားစိစစ်ရေးကဒ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေး ၊ ပညာရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။

သန့်ဇင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)