MAI က မြန်မာ - ရုရှား တိုက်ရိုက်ပျံသန်းပြေးဆွဲသည့် ရန်ကုန်-မန္တလေး-နိုဗိုစီဗစ် ခရီးစဉ်အသစ် စတင်ပျံသန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

MAI က မြန်မာ - ရုရှား တိုက်ရိုက်ပျံသန်းပြေးဆွဲသည့် ရန်ကုန်-မန္တလေး-နိုဗိုစီဗစ် ခရီးစဉ်အသစ် စတင်ပျံသန်း







MNP ၊ စက်တင်ဘာ ၅

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)က မြန်မာ - ရုရှား တိုက်ရိုက်ပျံသန်းပြေးဆွဲသည့် ရန်ကုန်-မန္တလေး-နိုဗိုစီဗစ်-မန္တလေး-ရန်ကုန် ခရီးစဉ်အသစ်ကို ယနေ့ စတင်ပျံသန်းပြေးဆွဲကြောင်း သိရသည်။


လေယာဉ်ခရီးစဉ်အသစ် စတင်ပြေးဆွဲသော အထိမ်းအမှတ်အခမ်းအနားကို ယနေ့ မနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း နှင့် MAI လေကြောင်းလိုင်း တာဝန်ရှိပုဂ္ဂိုလ်များ၊ မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာ - ရုရှား နှစ်နိုင်ငံအကြား နှစ်ပေါင်းသုံးဆယ်ကျော်ကြာ တိုက်ရိုက်လေကြောင်းပျံသန်းမှုတွေ ရပ်နားခဲ့ပြီးနောက် MAI က ရန်ကုန်-မန္တလေး-နိုဗိုစီဗစ်-မန္တလေး-ရန်ကုန် အသွားအပြန် ခရီးစဉ်ကို ပြန်လည် ပျံသန်းနိုင်တဲ့အတွက် နှစ်နိုင်ငံအကြား မိတ်ဖက်အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းသစ်တစ်ရပ် ဖြစ်တယ်လို့လည်း ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ပြောကြားခဲ့ပါတယ်။


အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက သံရုံးတာဝန်ခံ Mr. Pavel Klapukov နှင့် MAI လေကြောင်းလိုင်းက Chief commercial Officer Mr. Tanes Kumar တို့က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး ရုရှားနိုင်ငံ နိုဗိုစီဗစ်မြို့ကို ပျံသန်းထွက်ခွာမည့် လေယာဉ်သည် နေ့လယ်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကမှ မန္တလေး တံတားဦးလေဆိပ်ကို ထွက်ခွာပြီး ထိုမှတဆင့် ညနေပိုင်းတွင် ရုရှားနိုင်ငံ နိုဗိုစီဗစ်မြို့ကို ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။


ခရီးစဉ်ကို အပတ်စဉ် အင်္ဂါနေ့ နှင့် စနေနေ့တိုင်းမှာ တစ်ပတ်နှစ်ကြိမ် ပြေးဆွဲပေးမှာဖြစ်ပြီး ခရီးသွားများအနေဖြင့် နိုဗိုစီဗစ်မြို့မှ S7 လေကြောင်းလိုင်းကို အသုံးပြုပြီး မြို့တော်မော်စကိုအပါအဝင် တခြား ရုရှားနိုင်ငံ တစ်ဝန်းလုံးကို ဆက်လက်သွားရောက်လည်ပတ်နိုင်မည်ဖြစ်ပြီး ရုရှားခရီးသွားများအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးကိုသာမက တခြားအာဆီယံနိုင်ငံတွေကိုပါ ချိတ်ဆက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။


MAI အနေဖြင့် မကြာခင်ကာလအတွင်း AIR BUS A330 လေယာဉ်ကြီးများဖြင့် ရုရှားနိုင်ငံ မော်စကိုမြို့၊ စိန့်ပီတာဘတ်မြို့တွေအထိ တိုက်ရိုက်ပျံသန်းပြေးဆွဲသွားရန် စီစဉ်လျက်ရှိပြီး တရုတ်နိုင်ငံ ပေကျင်းအပါအဝင် တခြားမြို့ကြီး ၁၁ မြို့အထိပါ ခရီးစဉ်အသစ်တွေ တိုးချဲ့ပျံသန်းပြေးဆွဲနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)